Daddy's Friend

898 55 8
                                    


ကင်မ်အိမ်တော်၌ သာမန်နေ့လေးတစ်နေ့ဖြစ်သည်။

ကင်မ်သားဖတွေ ထပ်ပြီးရန်ဖြစ်ပြန်ပြီ ။ တစ်ပတ်မှာ ၃ခါလောက်ရန်ဖြစ်တဲ့ ကင်မ်သားဖဟာ အချင်းချင်းမတွေ့ရရင်လည်း မနေနိုင်ပါ ။ မျက်နှာချင်းဆိုင်ပြန်ရင်လည်း တစ်ကျက်ကျက်နဲ့ ရန်ဖစ်ပြန်သည် ။

သားဖတွေဖြစ်သည့်အလျှောက် ဂယူဘင်းမှာ ဒယ်ဒီကို ဘယ်တော့မှမနိုင်သော်လည်း အလျော့မပေး ။ မရရအောင်ပြိုင်ငြင်းသည် ။ အဲ့ဒီလိုပဲ ၃၇နှစ်အရွယ် ကင်မ်ဂျီအွန်းကလည်း လျော့မပေးပါ ။ ၁၈နှစ်သားနှင့် အပြိုင်ငြင်းသည် ။ မိတဆိုးသားလေး မလို့ အကဲပိုအောင် သည်းသည်းလှုပ်ခဲ့မိသည့် ကင်ဂျီအွန်း ရဲ့အပြစ်တွေပင် ဖြစ်လိမ့်မည် ။ ကင်ဂယူဘင်း ဟာ သူ့ကိုဆို တစ်စက်လေးမှ မကြောက် ။

ယခုတွင်လည်း အငြင်းပွားနေရသည့် အကြောင်းမှာ ရူးကြောင်ကြောင်နိုင်လှ ။

" မသိဘူးဒယ်ဒီရာ..ဒယ်ဒီသူငယ်ချင်းကို ဟိုတယ်မှာပဲ တည်းခိုင်းလိုက် "

ရှုပ်ရှုပ်ရှက်ရှက်တွေမကြိုက်သည့် ဂယူဘင်းဟာ သူ့တောင်းဆိုချက်အား မျက်နှာသာမပေးပဲ အတင်းကိုငြင်းသည် ။ ကင်မ်အိမ်တော် ၏ ခေါင်းဆောင် ကင်မ်ဂျီအွန်းဟာလည်း သူငယ်ချင်းကို အိမ်ခေါ်ဖို့တောင် ဆုံးဖြတ်ချက်ချခွင့်မရှိတဲ့အဖြစ်ပါလား ။ အဖေ့ထက် တစ်လကြီးသည့် ကင်မ်ဂယူဘင်းကိုပင် ကြောက်နေရသည် ။ ထို၀မ်းမနာသားကတော့ ချော့ပြောလဲ မရ ခြောက်ပြောလည်း မရ ။

" ဒယ်ဒီ့ရဲ့ငယ်သူငယ်ချင်းလေ ဒယ်ဒီမှာသူ့အပေါ်ကျေးဇူး​ကျွေး တွေလဲအများကြီး မင်းဒါလေးတောင် လက်ခံပေးလို့ မရဘူးလား "

ကင်မ်ဂယူဘင်းက ခေါင်းမာသည် ။ ကင်မ်ဂယူဘင်းကို မွေးထားသည့် ကင်မ်ဂျီအွန်းက နှစ်ဆပို၍ ခေါင်းမာသည် ။ အကြည့်ချင်း စစ်ခင်းနေသည့် ကင်မ်သားအဖ ကြောင့် အိမ်အကူတွေမှာ မျက်လွှာတွေအောက်ချကာ ကျောက်ရုပ်သဖွယ် ။

" ပြီးတာပဲ ပြောမရရင်လည်း ဒယ်ဒီလုပ်ချင်တာသာလုပ်တော့ ပြီးမှ သား အဆိုးမဆိုနဲ့ "

သူလက်မခံမချင်း ပြီးမည့်ပုံမပေါ်သည့် ချစ်ဒယ်ဒီကြောင့် လက်လျော့ရသူဟာလည်း ဂယူဘင်းပါပဲ ။ အဲ့ ဒယ်ဒီသူငယ်ချင်းကလည်း အသက်ကဖြင့် ၄၀နားကပ်နေပြီ အခုထိ သူများအကူညီကလိုနေသေး...။ ကင်မ်ဂျီအွန်းကို မနိုင်၍ညစ်နေသည့် ကင်ဂယူဘင်းကတော့ စင်ကာပူက အမည်မသိ ဦးလေးအား မေတ္တာတပို့ပို့ဖြင့် အပြစ်တွေပုံချသည် ။

Daddy's Friend // VinbinWhere stories live. Discover now