ဆောင်းဟန်ဘင်းကအရမ်းဆိုးတယ်

253 33 0
                                    


ဂယူဘင်းဘူဆန်ကို တစ်နေ့ထဲမှာတင်သွားလိုက်ပြန်လိုက်လုပ်နေရတာအကြိမ်ကြိမ်အခါခါ..။ဂယူဘင်းဘူဆန်ကိုပြန်ရောက်လာတော့မိုးပင်ချုပ်နေပြီ..။

Jeonghyun Hyung booking ယူပေးထားတဲ့Hotel ကိုရောက်တော့ သူအရင်ဆုံး မွေ့ယာပေါ်သို့ ပစ်လှဲလိုက်သည်..။ဒီနေ့သူတော်တော်ပန်းနေပြီမလို့..။ထို့နောက် လေယာဥ်တက်ထဲက မဖွင့်ရသေးသည့် ဖုန်းကို ဘောင်းဘီအိတ်ကပ်ထဲမှနှိုက်ထုတ်ကာ ဖွင့်ကြည့်လိုက်သည်..။

Jeonghyun Hyungပို့ပေးထားသည့် ကင်မ်ထယ်ရယ်၏information နှင့်အတူ ဆောင်းဟန်ဘင်းထံမှ ၀င်ထားသည့် missed call နီနီရဲရဲတွေ..။

" သွားပါပြီ ငါတော့အရိုးတစ်ခြားအသားတစ်ခြားဖြစ်တော့မှာပဲ "

ဂယူဘင်းခပ်တိုးတိုးရေရွတ်ကာ သက်ပြင်းချမိသည်..။လေယာဥ်ပေါ်မှာမလို့ ဖုန်းကို silent လုပ်ထားမိတာ..။ဆောင်းဟန်ဘင်းကတော့ ကျိန်းသေပေါက်ကို တစ်ရှူးရှူးတစ်ရှဲရှဲဖြစ်နေလောက်ပြီ..။

ရွှေစိတ်တော်ညှိုးနေသည့် ဆောင်းဟန်ဘင်းကို ချော့ရန် လှဲအိပ်နေရာမှထကာ မွေ့ယာကိုမှီထိုင်လိုက်ပြီး သူ့ဘက်မှ video call စ၍ခေါ်လိုက်သည်..။ဆောင်းဟန်ဘင်းက စိတ်ဆိုးလျှင် တစ်ချို့ရည်းစားတွေလို ဖုန်းမကိုင်ပဲမနေပါ..။

ဖုန်းကိုင်ပြီးကို ထိုင်ရစ်တာ..။

ဂယူ့လည်းခေါ်ပြီး ဘယ်လောက်မှမကြာ screen ပေါ်မှာ ပေါ်လာသည့် ခေါင်း၀ါလေး..။မျက်နှာကလည်းဆူပုတ်လို့..။အသက်ကြီးမှ ဆံပင်ရောင်ဆိုးချင်သည့် ဆောင်းဟန်ဘင်းကို သူ့ကိုယ်တိုင်လိုက်ဆိုးပေးထားတာ..။

" ကင်မ်ဂယူဘင်း! "

ဖုန်းScreenမှထွက်လာသည့်လေသံအရတော့ သူအရစ်ခံရတော့မည့်လေသံ..။

" ဗျာ! ဗျာ "

" အခုမှလာပြီးမျက်နှာချိုသွေးမနေနဲ့!..
မင်းဖောက်ပြန်နေတာမလား! "

" ဟာ ဆောင်းဟန်ဘင်းရယ် ပေါက်တကရတွေကွာ "

တစ်ဖက်ထွက်လာသည့်စကားကြောင့် ဂယူဘင်းမှာခေါင်းပင်ကျိန်းသွားရသည်..။ဒီဦးသေးသေးလေးကတော့ မဟုတ်တာတွေထင်ပြန်ပြီ..။

Daddy's Friend // VinbinWhere stories live. Discover now