Daddy's Lover(2)

286 29 4
                                    

ကင်မ်ဂယူ့တို့ဒီနေ့စိတ်မကြည်နေပါဘူး..။ဘာလို့ဆို ဒယ်ဒီက ဂျပန်မှာ အလုပ်ကိစ္စကြောင့်ရောက်နေပြီး..ဆောင်းဟန်ဘင်းက LA က သူငယ်ချင်းတွေကိုနှုတ်ဆက်ဖို့အလည်ပြန်သွားသည်..။

ဂယူ့ကတော့ ဘူဆန်မှာတစ်ယောက်ထဲယောင်လည်လည်..။ချစ်ဒယ်ဒီရဲ့ တစ်ချက်လွှတ်အမိန့်ကြောင့် ဘူဆန်ကို ရောက်လာတာ..အလုပ်ကိစ္စနှင့်လေ..။သူက ဆောင်းဟန်ဘင်းနဲ့အတူလိုက်သွားချင်ပေမယ့် အလုပ်ကိစ္စကအရေးကြီးတယ်ဆိုတော့လည်းမတတ်နိုင်..။

လေယာဥ်နဲ့လာတာမလို့ ဘူဆန်ကို နေ့ချင်းပြန်လာချင်းဖြစ်သည်..။ရောက်ရောက်ချင်း hotel မှာ ပစ္စည်းထားပြီး အလုပ်ကိစ္စတွေ့မည့်လူနှင့် ချိန်ထားသည့် ကော်ဖီဆိုင်ကို လမ်းလျှောက်လာခဲ့သည်..။

အင့်!

ဆိုင်၀ရောက်တော့ ဂယူ့က ဖုန်းကြည့်ကာလျှောက်နေသည်မလို့ ထိုလူက အထွက်နဲ့တိုးကား တစ်ဖက်လူကို ၀င်တိုက်မိသည်..။

" တောင်းပန်ပါတယ်ခဗျ "

" ရပါတယ်ဗျာ သတိထားသွားအုံးနော်ကောင်လေး ဖုန်းကြည့်ပြီးလျှောက်လို့ ထိခိုက်ဒဏ်ရာရမယ် "

" ဟုတ်ကဲ့ "

ထိုလူက ပြုံးကာ နှုတ်ဆက်၍ဆိုင်ထဲမှထွက်သွားသည်..။သို့သော်ဂယူကအဲ့ဆိုင်၀မှာတောင့်တောင့်ကြီး..။ပါးချိုင့်တွေ..အဲ့ဒီလူပြုံးလိုက်တော့ ခွက်ခနဲ ချိုင့်၀င်သွားတဲ့ ပါးချိုင့်လေး...ဒီပါးချိုင့်မျိုး..ဒီအပြုံးမျိုးသူမြင်ဖူးနေတယ်..။

မဟုတ်မှ!!!!

ဂယူ့အနောက်လှည့်ကာ အဲ့ဒီလူဟာ လှမ်းခေါ်မည်လုပ်တော့ ထိုလူကမြင်ကွင်းထဲမှာ မရှိတော့ပါ..။

အလုပ်ကိစ္စလည်းရှိသေးသည်မလို့ သူဆိုင်ထဲသာအရင်၀င်လာလိုက်သည်..။အလုပ်ကိစ္စပြောနေတဲ့ တစ်လျှောက်လုံးလည်း အဲ့ပါးချိုင့်တွေကို အာရုံစိုက်မိနေသည်...။

သူတစ်နေရာမှာရင်းရင်းနှီးနှီးကိုမြင်ဖူးပါတယ်..ဘယ်မှာပါလိမ့်..။

အလုပ်ကိစ္စပြောလို့ပြီးသည်အထိ ဂယူကစောနက၀င်တိုက်ခဲ့တဲ့လူကိုဘာမှမြင်ဖူးတာလဲစဥ်းစားနေတုန်း..။

Daddy's Friend // VinbinWhere stories live. Discover now