Daddy's lover(1)

476 39 11
                                    


ဒီနေ့လည်း ကင်မ်အိမ်တော်၌သာမန်နေ့လေးပင်ဖြစ်သည် ။

ကင်မ်သားဖ ထပ်ပြီးရန်ဖြစ်ပြန်ပြီ ။ ဒီတစ်ခါရန်ဖစ်ရသည့် အကြောင်းအရင်းမှာ တခြားတော့မဟုတ် ။ ဆောင်းဟန်ဘင်အား လုခြင်းပင် ။ ဆောင်းဟန်ဘင်းနှင့် သူ တွဲ၍နေသည်ကို ဒယ်ဒီအားစပြောပြချိန်တွင် ဒယ်ဒီမှာ အံ့သြခြင်းမပြု ။ ရိပ်မိနေပြီးသားတဲ့ ။ ကန့်ကွက်ခြင်းမရှိသည့် ဂယူ့တို့၏အချစ်ခရီးလမ်းဟာ ဆူးညှောင့်မရှိစွာ ဖြောင့်ဖြူးလှပါသည် ။ တစ်ခါတစ်လေဒယ်ဒီနှင့်ရန်ဖြစ်ရသည်မှ လွဲ၍ပေါ့ ။

ရန်ဖဖြစ်ရသည့်အကြောင်းအရင်းသည်ကား ဟန်ဘင်း ကို ပင်လယ်ခေါ်သွားချင်သည့် ဂယူ နှင့် ဟန်ဘင်းကို အလုပ်ရုံခေါ်သွားချင်သည့် ဂျီအွန်းတို့၏ အသံတိတ်စစ်ပွဲဖြစ်၍နေခြင်း ။ ဘာစကားဆိုစကားမှ မပြောကြပဲ ၀စီပိတ်ကျင့်သလို ငုတ်တုတ်ထိုင်ကာ အကြည့်ချင်းစစ်တိုက်နေကြသည် ။ ကြောက်စရာကောင်းသည့် စစ်သူကြီးနှစ်ယောက်ကြောင့် ဟန်ဘင်းမှာ အလယ်၌ကုပ်ကုပ်လေး ။

ဟန်ဘင်းမှာ ဂယူ့ကိုအကြည့်ဖြင့်ဖြောင်းဖျသော်လည်း ဂယူကလက်မခံ ။ ဟန်ဘင်း၏ မျက်နှာမှာ ဇီးရွက်လောက်ပင်ရှိတော့သည် ။ ခေါင်းမာလွန်းလှသည် ထိုသားအဖ နှစ်ယောက်ကြောင့် ဟန်ဘင်းမှာ ငိုမဲ့မဲ့လေးဖြစ်နေပြီ ။ ဒီသားအဖ သူ့ကိုအိမ်ခေါ်ပြီးနှိပ်စက်တာ...။

ဟန်ဘင်းမှာဘာမှလည်းလုပ်မရသည့်အဆုံး ငုတ်တုတ်ထိုင်ကာ ဘယ်ကြည့် ညာကြည့်ဖြင့် ခေါင်းကုပ်လျက် ။

ဒီသားဖ နှစ်ယောက်နဲ့တော့ သူ့ဘ၀ခက်လှချီရဲ့...။

" ဒီမှာ ဒယ်ဒီ ဆောင်းဟန်ဘင်းက ကျွန်တော့်ရည်းစား! အဲ့တော့ကျွန်တော်ပိုင်တယ်..ဒယ်ဒီလည်း အားကျရင် တစ်ယောက်ရှာလိုက် "

အသံတိတ်စစ်ပွဲဖြစ်နေရာကနေ သည်းမခံနိုင်တော့သည့် ဂယူ့က ဂျီအွန်းကို လက်ညှိုးငေါက်ငေါက်ထိုးကာ ရန်တွေ့သည် ။ ဟန်ဘင်း မှာ ၁၈နှစ်သား၏ စကားကြောင့် မျက်လုံးအပြူးသား ။ တစ်ဆက်တည်း ဂျီအွန်း Hyungကိုပါစိတ်ပူသွားရသည် ။ ဂယူ့ကဘာမှမသိသူမလို့ ပြောမိသည်မှာ ဘာမှမဖြစ်သော်လည်း ဖြစ်ကြောင်းကုန်စင်သိနေရသူဟန်ဘင်းမှာ စိုးရိမ်စိတ်တွေမြင့်မား၍နေပြီ ။

Daddy's Friend // VinbinWhere stories live. Discover now