တစ်ဖျောက်ဖျောက်ဖြင့်ရွာကျနေသည့်မိုးသံတွေနှင့်အတူ ဆူညံနေသည့်ကားတွေ၏ဖြတ်ပြေးသံတွေဟာ လမ်းမထက်၌ပြည့်နှံ့နေသည်..။
အချိန်မဟုတ်အခါမဟုတ်ရွာလာသည့်မိုးဟာဂယူဘင်းကိုနှောက်ယှက်သည်..။မနက်စောစောအိပ်ယာနိုးထဲကဂယူဘင်းမှာရင်တုန်တုန်နှင့်ထလာရတာ...။ကြိုးစားပြီးတုန်ရီနေသည့် စိတ်တွေကိုဖြောင့်ဖျထားရတာ...ကျေးဇူးကြီးပေ ဒို့ဖေဖေ ဆိုသည့်ဂုဏ်ပုဒ်အတိုင်း ကိုယ်ကျိုးမပါသည့် ဒယ့်ဒီအကျိုးအား သယ်ပိုးရန်ဖြစ်လို့လာသည်...။ဒယ်ဒီ့ကဂုဏ်ယူသင့်သည်..။
ဘယ်သားကများ ကိုယ့်အဖေရည်းစားဟောင်းနှင့်ပြန်အဆင်ပြေအောင်အခုလိုလုပ်ပေးမည်တဲ့လဲ...
သူ့လိုသားမျိုးကမ္ဘာပေါ်မှာရှိကောရှိပါရဲ့လား...။
ရွာနေသည့် မိုးရေစက်တွေအား ဟိုတယ်အပေါက်၀မှငေးကာ ဂယူဘင်း ကသက်ပြင်းချသည်...။လက်ထဲ၌အသင့်ယူလာသည့် အနက်ရောင်ထီးအား ခလုတ်ဖွင့်လိုက်ရင်း လမ်းလျှောက်ခြင်းကိုစတင်သည်..။ကံတရားကသူ့ဘက်တွင်ရှိသည်ပဲပြောရမလားမသိ..ကင်မ်ထယ်ရယ်၏ဆိုင်က ဝေးဝေးမဟုတ် သူတည်းသည့်ဟိုတယ်၏ နောက်ကျောဘက်က လမ်းပင်ဖြစ်သည်..။ထို့ကြောင့်လမ်းလျှောက်သွားယုံနှင့်ပင်ရောက်သည်..။
လွန်ခဲ့သည့်တစ်နာရီထဲကရွာနေသည့်မိုးကြောင့် ကတ်တရာလမ်းမကြီး၏ချိုင့်ရှိသည့် တစ်ချို့နေရာတွေမှာ ရေတွေ၀ပ်လို့နေသည်..။ရေအိုင်တွေကိုကျော်ဖြတ်ရင်း မြေကြီးမှရေတွေ ဘောင်းဘီအားလာမစင်ရန် ထိန်းလျှောက်ရင်းအလုပ်များနေရသည်..။
သစ်ပင်တွေကိုဦးစားပေးသုံးထားသည့် ဆိုင်အပြင်ဆင်က စိမ်းစိမ်းစိုစိုနှင်မျက်လုံးအေးလှသည်..။တကယ့်ကိုကင်မ်ထယ်ရယ် vibeနှင့်လိုက်ပါဘိ..။
စာအုပ်ဆိုင်လေးဖြစ်ပေါ်လည်း နှစ်ထပ်ရှိသည့်ဆိုင်၀န်းလေးဟာ ကျဥ်းတော့ကျဥ်းမနေပါ..သူ့နေရာနှင့်သူနေရာတကျအလှဆင်ထားသည်..။တံခါးမှတစ်ဆင့်ဖြတ်ကာသူ၀င်သွားတော့ အတွေးနဲ့တပ်တူကျစွာ စာအုပ်ဆိုင်လေးဟာ သဘာ၀ရဲ့အရသာကဲ့သို့ စာရွက်နံ့လေးတွေတထောင်းထောင်း....။စာအုပ်လာဖတ်သူတွေ အပျင်းပြေအစာပြေစားလို့ရအောင် Café လေးပါပူးတွဲဖွင့်ပေးထားသည့် ကင်မ်ထယ်ရယ်ဟာ ထက်မြက်သည့်လူတစ်ယောက်..။
YOU ARE READING
Daddy's Friend // Vinbin
Fanfiction" ကျွန်တော် ဆောင်းဟန်ဘင်းကို အပိုင်လိုချင်တယ် " " မင်းစကားတွေက အန္တရာယ်များလိုက်တာ " Kim Gyuvin × Sung Hanbin