Episode-3
သခင်လေးကင်မ်၏အပြုအမူတွေဟာ
ဂျီမင်အတွက် မတွေးတတ်တော့အောင်၊
လိုက်မမှီနိုင်အောင်၊မြန်ဆန်လွန်းလှသည်။
စကားလုံး၏အဓိပ္ပါယ်အချို့က အထင်လွဲ
စရာဖြစ်ရင်တောင်၊သခင်လေးက ပြုံးပြုံး
လေးနဲ့ အလွယ်လေးပြောတတ်တဲ့လူမျိုး။ဥပမာပေးရရင် ..အခုအခြေအနေမှာ ။
ကျွန်တော့်လို ယောက်ျားလေးတစ်ယောက်
ကို ရတနာတွေဝတ်ခိုင်းပြီး၊ ‘လှတယ်’လို့
ခနခန ချီးကျူးနေတာမျိုးပေါ့။အရောင်မှိန်ပြီးနွမ်းစုတ်နေတဲ့ အင်္ကျီကို
သခင်လေး အာရုံမထား။တလက်လက်
တောက်ပနေတဲ့ လည်ဆွဲဘယက်ကိုသာ
ကြည့်၍ ကားချပ်ဖြူမှာ ပုံစဆွဲနေလေပြီ။
ဒါနဲ့ ..ဤရတနာတွေက ကျွန်တော့်လိုလူ
ထက် အမ်မလီလို မိန်းမလှလေးနဲ့ဆိုမှ ပို
တင့်တယ်ပြီး ကြည့်ကောင်းနေမှာမဟုတ်
လား ?ဒီလည်ဆွဲ ၊ဒီလည်ဆွဲဟာ အမ်မလီရဲ့
လည်တိုင်မှာဆို ဘယ်လောက်လှလိမ့်မလဲ?
ပန်းချီဆွဲမယ်ဆို ..အမ်မလီလိုမိန်းကလေး
ကိုမှ ပန်းချီထဲမှာဆေးရောင်စုံနဲ့ပုံဖော်ပေး
ရင် ဂန္တဝင်မြောက်တဲ့ ပန်းချီကားချပ်တောင်
ဖြစ်ချင်ဖြစ်သွားဦးမှာ။ဖဲဂါဝန်လှလှလေး
ရယ်၊ဤလည်ဆွဲရယ်နဲ့ အမ်မလီ ဟာ ဘယ်လောက် တောက်ပနေလိမ့်မလဲ?
ဘယ်လောက် လှနေပါလိမ့်မလဲ??ဂျီမင်၏ အတွေးတွေ ပြတ်တောက်သွားခဲ့ရ
သည်။သူ ဒီအခြေအနေကို နှစ်သက်နေတာ
မဖြစ်သင့်ပေဘူး။ဒါ အမ်မလီရဲ့နေရာ။ဒီလူ
ဟာ အမ်မလီနဲ့ ဆိုင်သည့် လူ။ရုတ်တရက် ဂျီမင်သည် အထိတ်တလန့်
မျက်နှာလေးနဲ့ မတ်တပ်ထရပ်လိုက်သည်။ပြီးနောက် လည်တိုင်ထက်က လည်ဆွဲလေး
ကို အထူးသတိထား၍ ဆွဲဖြုတ်လိုက်သည်။
ထို လည်ဆွဲလေးကို လက်နှစ်ဖက်နဲ့ကိုင်ထား
ရင်း သခင်လေးကင်မ်၏မျက်နှာကို လှမ်း
ကြည့်လိုက်မိသည့်အခါ၊သခင်လေးကင်မ်
၏အလိုမကျတဲ့ မျက်ဝန်းအိမ်များကို ဂျီမင်
ရင်ဆိုင်ခဲ့ရသည်။“ငါ ပန်းချီဆွဲလို့မပြီးသေးဘူး ..ပြန်ထိုင်”
သခင်လေး၏အသံသည် တင်းမာသည်။
အမိန့်ဆန်သည့် စကားလုံးမျိုးသုံးနှုန်းသွား
သည်။မျက်လုံးအကြည့်ကို ကားချပ်ဆီ ပို့
ထားလိုက်ပေမယ့် သခင်လေးရဲ့စိတ်တွေ
ကျွန်တော့်ဆီ ရောက်နေလိမ့်မည်ဆိုတာကို
ကျွန်တော်ရိပ်မိသည်။ထို့ကြောင့် ကျွန်တော်၊
လည်ဆွဲလေးကို အိပ်ရာအနီးက စားပွဲပေါ်၌
ရိုရိုသေသေ တင်ထားပေးခဲ့သည်။“တောင်းပန်ပါတယ် သခင်လေး ..
ကျွန်တော် အလုပ်တွေရှိသေးလို့ပါ ““ငါ့ကို မညာနဲ့ .. ဂျီ ! ”
သခင်လေးသည် အသံအနေအထားအရ
တုန်ယင်နေသလိုရှိပေမယ့်၊အပြင်ပန်းမှာ
အမှန်တကယ် တည်ငြိမ်နေသည်။“တောင်းပန်ပါတယ် သခင်လေး ..
ကျွန်တော့်အစား မမလေးအမ်မလီရဲ့
ပုံကိုသာ ပန်းချီဆွဲလိုက်ပါ။ဒီလည်ဆွဲက
ကျွန်တော်နဲ့ ဘယ်လိုမှ မအပ်စပ်ပါဘူး။
မလိုက်ဖက်တဲ့အရာမို့လို့ပါ ”