တစ်နှစ်ခန့်ကြာသော် …..။
ရွက်ကြွေတွေ လွင့်နေဆဲ။ငှက်ကလေးတွေ
တဆာဆာမြည်တမ်းနေဆဲ။ရှဥ့်ညိုလေးတွေ
အစာရှာမပျက် ပြာယာခက်နေဆဲ။သူတို့လိုပဲ …ကျွန်တော်ဟာလည်း။ ။
ထွက်ပြေးသွားတဲ့ ဂျီ့ကို စောင့်နေဆဲ။
ထွက်ပြေးသွားတဲ့ ဂျီ့ကိုမှ ပြန်လိုချင်နေဆဲ။
ထွက်ပြေးသွားတဲ့ ဂျီ့ကိုမှ ချစ်နေဆဲ။ကျွန်တော် ဖက်လက်စ ကဗျာစာအုပ်လေး
ကို လက်ထဲမှချပြီး ခုံပေါ် ပြန်တင်ထားလိုက်
သည်။လက်ဖက်ရည်ပူပူ ထည့်ထားတဲ့
ပန်းကန်လုံးလေးတစ်ခွက်ကို ကိုင်းကနေ
ကိုင်လိုက်ရင်း ပူနွေးတဲ့ ထိုလက်ဖက်ရည်
ကို တစ်ငုံအရသာခံ၍သောက်ကြည့်လိုက်
သည်။“ဂျက် ..ဒီကို လာဦး”
ဂျက်က စာအုပ်စင်မှာ စာအုပ်တွေစီနေရင်း
ကျွန်တော် ခေါ်လိုက်တော့၊အပြေးလေး
ကျွန်တော့်ရှေ့ လာရပ်သည်။“ ဟိုနားက ပန်းချီတွေ ယူခဲ့ .. ပြီးတော့ မင်း
ရွေးကြည့်ကွာ ..ဂျီ့ ပုံတူပန်းချီတွေထဲမှာ
ဘယ်တစ်ခုအလှဆုံးလဲလို့ ..”ကျွန်တော့်အခန်းတွင်း အများကြီးဖြစ်လာ
သည်က ဂျီ့ ပန်းချီကားတွေ။ကားချပ်တွေ
အများကြီးကို ဂျက် လှည့်ကြည့်ပြီး တံတွေး
မျိုချလိုက်သည်။ခိုင်းတာကို အရင်လိုမျိုး
ပြာပြာသလဲ သွားမလုပ်ပေး။“သွားယူခဲ့ပါဆို ..ဘာလုပ်နေတာလဲ!”
ထိုသို့ ဟောက်လိုက်မှသာ ဂျက် က
ကမန်းကတန်းသွားယူပေးသည်။
ဂျက် ဘာကိုလန့်နေပါသနည်း။“တကယ် ကျွန်တော် ရွေးပေးရမှာလား..”
“ဟုတ်တယ်လေ ..”
ကားချပ်ပေါင်း အခုနှစ်ဆယ်မျှရှိသည်။ဂျက်
ပန်းချီကားအကုန်လုံးကို အနီးက နံရံမှာ
ကပ်၍ ဦးစွာ ထောင်ထားလိုက်သည်။“အကုန်လုံး လှပါတယ် သခင်လေး..”
“သေချာရွေးပေးစမ်းပါ ..ကြည့်လည်း
မကြည့်ဘဲ ဘာကိုလှတာလဲ!”သခင်လေးက သူ့ကိုဒေါသထွက်သွားပုံနှင့် လက်ဖက်ရည်ပန်းကန်လုံးကို ပြန်ကိုင်ပြီး
ဖြည်းဖြည်းချင်း မှုတ်သောက်နေသည်။“ကြည့် ..ကြည့်လို့ဖြစ်မလား သခင်လေးရဲ့ !
သခင်လေးဆွဲထားတဲ့ထဲမှာ ဂျီ အဝတ်အစား
မပါတဲ့ပန်းချီကားက ဆယ်…ဆယ်ခုလောက်
ရှိပြီးတော့”အဟွတ် အဟွတ် !!!
လက်ဖက်ရည်သီးသွားတဲ့ သခင်လေးကင်မ်
ဟာ အခုမှ မျက်နှာတွေ နီရဲတွက်လာပြီး၊
ရှက်ရကောင်းမှန်း သတိရသွားသည်။“အဟမ်း …အဲ့တုန်းက ဂျီနဲ့အတူရှိခဲ့တဲ့
ညကို သတိရလို့ ..ဆွဲထားတာ..ငါက ..
ရိုးရိုးသားသားပဲ! ”သခင်လေးက လက်ကိုင်ပဝါလေးနဲ့ သူ့
နှုတ်ခမ်းသူ သုတ်ရင်း၊မျက်ထောင့်နီနဲ့
ကျွန်တော့်ကို မျက်စောင်းထိုးထားသည်။