စနောက်ခြင်းမပါသော ကျွန်တော့်စကားက
သခင်လေးအတွက် စိတ်ထိခိုက်စရာဖြစ်ရင်
ဖြစ်နိုင်ပါလိမ့်မည်။သခင်လေးရဲ့နွမ်းဖက်နေ
တဲ့ အပြုံးလေးက ခုနတုန်းကလောက်တော့
ဘယ်လှနိုင်မလဲလေ။"ကျွန်တော့်ကို ချစ်ရင် နာကျင်ရတယ်ဆိုတာ
သိစေချင်ရုံပါ သခင်လေး"အကောင်းတိုင်း ဖြောင့်ဖြောင့်ဖြူးဖြူး လျှောက်
လာတဲ့ ပန်းခင်းလမ်းလေးမှာပဲ သခင်လေး ဆက်လျှောက်ရမှာပေါ့။
ကျွန်တော့်ကြောင့် ဆူးခင်းလမ်းကိုပဲရွေးမယ်လို့ တွေးများတွေးနေသလား။သခင်လေးနဲ့ကျွန်တော်က အဆင့်အတန်း
အကွာကြီးမလား ။ အမ်မလီကို ထားခဲ့ပြီး
ကျွန်တော့်ဆီ လာရအောင် သခင်လေးက
အရူးမှမဟုတ်တာ။ကျွန်တော့်ကို မုန်းပါ။သခင်လေးအပေါ်ဆို မကောင်းမြင်နေတဲ့
ကျွန်တော့်ကို မုန်းပါ။သခင်လေးကိုမှ
အနိုင်ယူနေတဲ့ ကျွန်တော့်ကို မုန်းစမ်းပါ။“ ပန်းချီဆွဲရမယ် ..မဟုတ်ရင် ငါ့မော်ဒယ်လ်
လေး အိပ်ငိုက်တော့မယ်”သခင်လေးက သူ့ဘာသူသတိပေးတဲ့လေသံ
နဲ့ပြောပြီး ထိုင်ရာမှ ထသွားခဲ့ပါသည်။
ဝမ်းနည်းစရာကောင်းတဲ့ မျက်နှာထားကို
မနည်းဟန်ဆောင်နေတဲ့ သခင်လေး။“မင်းကိုငေးကြည့်ရတဲ့အချိန်က ငါ့အတွက်
အပျော်ဆုံးပဲ ဂျီ ..”သခင်လေးသည် ပန်းချီစုတ်တံလေးကို
ညာလက်သွယ်သွယ်မှာ ကိုင်ထားရင်း၊
ဆေးရောင်အချို့ကို စပ်ယူနေသည်။
စကားလေးတပြောပြောနဲ့ ကျွန်တော့်ပုံကို
ပန်းချီဆွဲနေသော သခင်လေးကင်မ်ဟာ
အမှန်ပင် နားလည်ရခက်တဲ့လူဖြစ်သည်။ကျွန်တော် မလှုပ်မယှက်ငြိမ်ငြိမ်ထိုင်နေ
သည်။မျက်နှာမှာလည်း ခံစားချက်အချို့
ဖုံးကွယ်လို့ ပြုံးရယ်ခြင်းမရှိ။ဒီပုံစံကိုပဲ
သခင်လေးက လှမ်းလှမ်းကြည့်ပြီး သူ့
ကားချပ်ဖြူမှာ ပုံတူရေးဆွဲပါသည်။
တစ်ခါတလေ ‘လှတယ်’ဟု တိုးတိုး
ပြောတတ်သေးသည်။မတ်တပ်ရပ်ပြီး ပန်းချီဆွဲရတဲ့သခင်လေး
လည်း ညောင်းညာနေလောက်ပြီ။ထိုင်နေ
ရတဲ့ ကျွန်တော်ပင် ခါးအတော်ညောင်းနေ
ခဲ့ပြီ။အချိန်အားဖြင့် သုံးနာရီနီးပါးကြာတော့
မည်။သခင်လေးသည် အပြုံးတစ်ချက်
မပျက်။စိတ်ပါဝင်စားစွာနဲ့ ပုံတူပန်းချီကို
လှလှပပ ဖန်တီးပေးနေသည်။ဒါ့ကြောင့်
ကျွန်တော့်စိတ်တွေ လေးလံလာသည်။
သခင်လေးကို ငေးကြည့်လိုက်တိုင်း၊
ကျွန်တော့်ရင်ထဲ ဆစ်ခနဲနာကျင်လာသည်။“ပြီးပြီ ..”
သခင်လေးက ဝမ်းသာအားရပြောပါ၏။
သူဆွဲထားတဲ့ ကားချပ်လေးကို ဖြုတ်၍၊
ကျွန်တော်မြင်ရအောင် ကျွန်တော့်ဘက်
လှည့်ပြသည်။ပန်းချီက အမှန်ပင်လှသည်။
ကျွန်တော့်ကို ကျွန်တော် ပြန်ကြည့်ရတာနဲ့
မတူ။ပန်းချီထဲက ပတ်ခ်ဂျီမင် က ကျွန်တော့်
ထက် အများကြီးပိုလှသည်။