နေ့လယ်ခင်းဆားနံ့တို့ရောပါလာတယ့် ပင်လယ်ကလာတယ့် လေအေးအေး တိုက်ခတ်ရာဘက် လျှော်ပြီးသာ အထည်ခင်းများအား လှန်လိုက်တယ့်အခါ လေနုအေးလေး တို့ အဲကွန်းမတတ်ပဲ ကျရောက်လာသလို အေးမြသွား တော့တယ် ။ ညနေခင်းအချိန်အခါဟာ စိတ်အပန်းဖြေအနားယူချင်စရာ ကောင်းတယ်ဆိုပေမဲ့ တက်ကြွနေမိတယ့်ခန္ဓာကိုယ်အတွက်တော့ ထွေထွေထူးထူးမှမဟုတ်တာပေ ။
အဝတ်တွေကို အဝတ်တန်းစင် ထက် ပျံ့နေအောင် ထားပြီးပြီး ဟု ထင်မိ လိုက်တော့ အေးဆေးလေး ပင် ခုနက ထိုင်နေခဲ့သော နေရာ လေးတွင် သွားထိုင်လိုက်တော့သည် ။ အရှေ့ရှိ စားပွဲခုံလေး ထက်မှ ကော်ဖီခွက်လေးကို လက်ဖြင့်မှန်းယူပြီးသည့် နောက် လေတိုက်ရာဘက်ကို မျက်နှာထား၍ ခန္ဓာကိုယ်အတွင်းသို့ လတ်ဆတ်လှတယ့်လေနုအေးများအား ရှူရိုက်မိလိုက်ပါတော့တယ် ။Pesto ကို အနံ့နဲ့တင် သရေတမျှမျှရစေအောင်အထိ ချက်နေသော အောက်ဘက်က အသံတွေကလဲ စားဖိုမှုးများဖြင့်ဆူညံလှလွန်းပါတယ်။ မသိရင် မိမိတို့နေရာက အလုပ်အရှုပ်ဆုံးထင်နေကြရော့မယ်
" Che cosa state facendo felix? "( Felix ဘာတွေလုပ်နေတာလဲ ?)"
" nient'altro " (ဘားမှ မလုပ်ပါဘူး )"
ဝရံတာ သို့ ဝင်တယ့် တံခါးမ ထံမှ Francesca အသံ ကြောင့် ကော်ဖီ သောက်နေရင်း ခေါင်းလေးကို လှုပ်ခတ်ကာ ငြင်းဆန်လိုက်တယ်။ ဘေးနားက ဖြတ်လျောက်သံနဲ့ ဝရံတာ အရှေ့ရှိ အဝတ်လှမ်းစဉ်အနားသွားတယ့် ခြေလှမ်းတွေ
အဝတ်တွေကို ယူကြည့်နေပုံ ခံစားရတော့ ဘားမှ မသိသလိုလေး သာ နေရင်း ကော်ဖီအား တည်ငြိမ်စွာ ပြန်သောက်နေလိုက်တယ်" Aiuterai di nuovo con le faccende domestiche? " (အိမ်အလုပ်တွေကိုကူပေးနေပြန်ပြီလား ?)
"No Francesca ... "
"per favore, non mentirmi, Felice " ( အန်တီကိုမလိမ်ပါနဲ့ felix ရယ် )
Francesca လှန်းဖို့လုပ်ထားတယ့်အဝတ်တွေကို felix ကူလုပ်ပေး လိုက် တယ်ဆိုတာ သိတယ့် အခါ ဘားမှမပြောနိုင်တော့ပဲ ရယ်ပြရုံသာ ။
" te l'ho già detto Questi lavori sono ciò che devo fare ! "( အန်တီ အကြိမ်ကြိမ်ပြောထားပြီးသားလေ ကွယ် ၊ ဒီအလုပ်တွေဆိုတာ အန်တီလုပ်ရမယ့်အလုပ်တွေပဲဆိုတာ )
YOU ARE READING
Luna (hyunlix)
Fanfiction" လေတိုးဝှေ့ရာအတိုင်း ငြိမ်းချမ်းခြင်းတွေဖြင့် မျော်ပါလာတယ့်မင်း "