𝐀 𝐝𝐫𝐞𝐚𝐦 (2)

180 23 1
                                    

𝐔𝐧𝐢

Hyunjin ဆေးရုံက ဆင်းတော့ မိမိရဲ့တစ်ဦးထဲသော ဆွေမျိုး ရင်း ဖြစ်သူ ဦးလေး က အိမ်ကို လာပြီးသတင်းလာမေး သည် ။
တူဝရီး တွေ hyunjin အရွယ်ရောက်တာနဲ့အတူမနေကြတော့တာ ဖြစ်သည်။  ပြီးတော့ hyunjin ကိုယ့် ဦးလေးနဲ့မတွေ့တာတောင် ၅နှး်ကျော်မျှရှိပြီမို့ ဒီလိုသတင်းလာမေး ‌တယ့်အခါ hyunjin ကြိုဆို မိသား ။
ခါတိုင်းလဲ ဒီဆေးရုံရောက်ပြီးသေခါနီး အချိန်အထိ ဖြစ်ခဲ့တာ ဆိုပေမဲ့ အဲ့တုန်းကအခါတွေကြမလာပဲယခုတစ်ခေါက်ထူးထူး ခြားခြား သတင်းလာမေးတော့ တာကိုလဲစိတ်ထဲက ရိတ်မိနေသေးသည်။
သို့သော် ဟန်မပျက်ဘားမှမဖြစ်တယ့် ရုပ်လုပ်ထားကာ ဦးလေး ကို သောက်နေကြ ဝီစကီတစ်ခွက်နဲ့ခရီးဦး ကြိုဆို လိုက်ပါတော့၏ ။

" ဘယ်လိုခရီးပေါက်လို့ ဒီဘက်လှည့်လာတာလဲ "

အသုံးအနှုန်းတွေ

" ပြော ပါအုံး လာရင်းကိစ္စ "

" .... မင်းနေမကောင်းဖြစ်နေတာ ဘာကြောင့်ငါ့ကို ဖုန်းမဆက်တာလဲ "

" နေမကောင်းက ဖြစ်နေကြပဲလေ "

"ငါပြောချင်တာ ဒီလိုဆေးရုံး ရောက်တာကိုပြောနေတာမဟုတ်ဘူး မင်းဆီမှာ ရောဂါဖြစ်နေတာကို ဘာလို့ငါ့ကိုမပြောတာလဲ "

"...."

"ဦးလေး အရင်းကြီးတစ်ယောက်လုံး မင်း ဆွေမျိုးအနေနဲ့ရှိသေးပါတယ် ကွာ ၊ ဘာလို့များ ဖုန်း တစ်ကောတောင်မဆက်သွယ်ခဲ့ရတာလဲ hyunjin ရဲ့ "

ဦးလေးရဲ့စိတ်အလိုမကျစွာ ပြောတယ့်လေသံတွေ ။ ဘယ်တုန်းကရော ဦးလေးတို့ ဖုန်းဆက်ခဲ့လို့လဲ
ထွက်ကျမလာ တယ့် စကားလုံးတွေကိုလဲအပြစ်မတင်ချင်တော့ သည်မို့ ဝီစကီတစ်ခွက်လည်ချောင်းထဲသွန်ချရင်း ဖြင့်

" လာရင်းကိစ္စက ဒါလား ?"

" .... မင်းအရမ်း အေးစက်တတ်လိုက်တာ သားရယ် ၊ ငါ့အမအတိုင်း ပဲ "

"ကျွန်တော် အမေနဲ့မတူဘူး ၊ တူလဲမတူချင်ဘူး ... "

" ကျစ် !"

" ဦးလေ စိတ်မပူပါနဲ့ ... ကျွန်တော် အဲ့လောက်ထိ ကြောက်နေတော့မယ်လူမဟုတ်ဘူး... သေခြင်းကိုတောင် တစ်နေ့နဲ့တစ်နေ့ ရင်ဆိုင်ကျော်လွားနေရတာ ပဲဟာ ကျွန်တော် အချိန်ကျနေပြီလို့ပဲ သတ်မှတ်ပေးလိုက်ပါ "

Luna (hyunlix)Where stories live. Discover now