𝐓𝐡𝐞 𝐥𝐨𝐯𝐞 𝐰𝐞 𝐦𝐞𝐭 𝐚𝐭 𝐭𝐡𝐞 𝐓𝐫𝐞𝐯𝐢 𝐅𝐨𝐮𝐧𝐭𝐚𝐢𝐧 ( 6 )

204 21 18
                                    

UNI

မက်မွန်သီးဝိုင်နံ့ တွေ နေရာတိုင်းမှာရနေတယ့် Rome ရဲ့ လမ်းမများ
၁၀နာရီကျော် ကားစီကြပြီးသည့်အခါမှာတော့ Italy ရဲ့အဓိက မြို့ကြီးဖြစ်တယ့် Rome မြို့ကို စတင်အခြေချလိုက်ပါပြီး
တောက်လျောက် စကားများရင်းပါလာတယ့် ကောင်လေးက တော့ မမောပန်းသည့်အတိုင်း ကားပေါ်က ထွက်တာ နဲ့ လျောက်လည်စရာနေရာ တွေ များအား သွားဖို့ကို ပြင်ဆင်နေပါ၏ ။
ထိုကြောင့်ပင် ညပင်ရောက်ပြီဖြစ်ကြောင်းပြောကာ ဟိုတယ်မှာ တည်းဖို့အရင်း စီစဉ်ရသည် ။
Felix ကသူ့အသိ တစ်ယောက်ဟိုတယ်ကိုချိတ်ပေးလို့ ရောက်ရောက်ချင်းပင်တည်းဖို့ဟိုတယ်ကို မရှာလိုက်ရကာ အခန်းကြိုယူထားတယ့်ဟိုတယ်ရှိရာသို့သာ သွားလိုက်ကြပါသည်။ 

ခရီးစဉ်တစ်လျောက် အဆင်ချောခဲ့ရင်း နားရမယ့်နေရာရောက် ယူထားတယ့်အခန်းနှစ်ခန်းမှာ တစ်ခန်းက လူမလောက်၍ စီစဉ်ပေးလိုက်ရကြောင်းသိခဲ့ရပြန်ပါသည်မိမိ က အဆင်ပြေပေမဲ့ felix အဆင်ပြေမလားမေးကြည့်တော့ သူကလဲအဆင်ပြေတယ်ဆိုတော့ ... ကျနော်တို့ နှစ်ယောက်တစ်ခန်းထဲ နေဖြစ်ခဲ့ကြပါသည် ။
ဒီရာသီက ခရီးသွားရာသီဆိုတော့ သိသည့်အတိုင်း  အထင်ကရမြို့ကြီးတွေက လူတွေဖြင့်ကြိတ်ကြိတ်တိုးလို့

မိမိလူမကြိုက်ပုံမျိုးနဲ့ တွေ့ရအုံးမယ်
တွေးရင်သက်ပြင်းချမိနေခိုက် ရေချိုးပြီးတယ့် ကောင်လေးက အဝတ်အစားပါတစ်ခါထဲ လဲပြီးရင် သပတ်လေးတစ်ထည် လည်ပင် မှာချိတ်ကာ ထွက်လာပေသည် ။
ရေချိုးခန်းအဝ နေရာစိမ်း၍ တစ်ဆုတ်ဆုတ် ဖြစ်နေသည်ကြောင့် အမြန်အနားသွားလိုက်ကာ သူ့လက်ကို ကိုင်လိုက်သည်။

" လာ ..."

ဘေးနား လမ်းကူလျောက်ပေးလိုက်ကာ သူ့အား ကုတင်ခြေရင်းက ဆိုဖာမှာဝင်ထိုင်ခိုင်းစေလိုက်သည် ။

" ကျေးဇူးပဲ hyung "

" ရပါတယ်"

ပြောရင် ကုတင်ပေါ်မှာ ထိုကလေးနဲ့ မျက်နှာချင်းဆိုင် သွားထိုင်လိုက်တယ် ။
လှိုင်းတွန့်လေးလိုမျိုး ကောက်ကွေ့နေတယ့်ဆံကေသာဟာ ရေတွေစိုနေတယ် ။ ဂုတ်ကျ လောက်တယ့်အထိ ဆံပင်မို့ ရေတွေကလဲ တစ်စက်စက် ကျလို့နေပါသေးတယ် ကြည့်ရတယ့်လူမှာ မချိမဆန့်ချင် ။ သို့သော်
အချိန်ပေးကာ ဖြေးဖြေးချင်း သူ့ ဆံပင် အား သုတ်နေပုံက ပန်းချီကားတစ်ချပ်လို ငေးမောကြည့်ချင်စရာ ။
ဖြူစင်ကာ အိဖက်နေတယ့် မျက်နှာလေး
ဖြူစင်ခြင်းအတိ လွမ်းမိုးနေပြီး နှုတ်ခမ်းသား နီနီလေးက တော့ သူမျက်နှာလေးနဲ့လိုက်ဖက်စွာ ...

Luna (hyunlix)Where stories live. Discover now