𝐔𝐍𝐈
လေဆိပ်က ဆင်းတော့ ကျောပိုးအိတ်တစ်ခု လက်ဆွဲအိတ်တစ်လုံးနဲ့ ရောင်ချာချာ ဖြင့် Italy ကိုရောက်ရှိခဲ့ပြီ။
သွားတုန်းကသာ သွားရဖို့အရေးဘာပဲလုပ်ရလုပ်ရအားခဲထား တာ
ယခုလိုဆိုပြန်တော့လဲ တစ်ယောက်ထဲ ယောင်ချာချာနဲ့
မျက်လုံးတွေဖြင့်လေဆိပ်ထွက်ပေါက်ကိုအရင်ရှာမိရင်း တည်စရာ ဟိုတယ် တွေကိုလဲ ရှာဖို့တွေး ထားလိုက်ပြီ။
Fiumicino ဆိုတယ့် လေဆိပ်ကနေ Italy ထဲကို ဝင်ရင်း ဒီကနေ လေယာဉ်ပေါ်မှာ ပြောခဲ့တယ့် Venice ကိုစဉ်းစားမိတော့ အငှားယှဉ်တစ်ခုကိုလမ်းကြုံ ကပ်မေးပြီး Venice city ကိုဘယ်လိုသွားရမလဲ မေးလိုက်သည်။
ပြင်းပြတယ့်ဆန္ဒ ကြောင့် ရော မသိသေးတယ့်အရပ်ဒေသကြောင့်ရော hyunjin ရုပ်က ခက်ထန်ထားတာ ကလွဲရင် အရင်လို စကားမပြောတော့တာမဟုတ်ပဲ တွေ့တယ့်သူကို လမ်းများအားမေးနေမိတော့ပါ၏ ။
တက္ကစီတစ်စီးပေါ်လမ်းညွန်တယ့် ဆရာသမားကြီးကတော့ ရထား စီးသွားရင် ရောက်တာမို့ အဲ့ရောက်မှသာ ဟိုတယ်ငှားပြီးတည်ဖို့ကိုတစ်ခါ ထဲ အကြံပေးလိုက်ပါသေးသည်။
စီးရမယ့်ရထားအထိ လိုက်ပို့ရှာတယ့် ထိုလူကြီးတွေက အသက်ကြီးနေပြီဖြစ်ပြီး သဘောကောင်းမယ်လို့ထင်ရပေမဲ့ မောင်းရတယ့်ခရီးထက် ဈေးကိုပိုတောင်းသည် ။
နိုင်ငံခြားသာ မို့ ဒီလို အညော်ခံရတာ ဖြစ်မှာပါဟု ဖြည့်တွေးရင်း နားအေးပါးအေးနဲ့သာ တောင်းသလောက်ပေးလိုက်ပြီးတာနဲ့ hyunjin Venice city ရှိရာဆီ ရထားဖြင့် သွားလိုက်တော့သည် ။ခုတ်မောင်းလာတယ့် ရထားရဲ့အသံက မကျယ်ပေ
လေနုအေးလေးတွေ တိုက်ခတ်နေတယ့်ပြတင်းပေါက်ကို ခတ္တ ပိတ်လိုက်ပြီးတော့ hyunjin အပြင်ဘက်ကို တစ်ခဏမျှ ငေးနေလိုက်တယ်Venice ဆိုတယ့်နေရာမှာ အဲ့ကမ်းခြေကြီးရှိတာလား
အဲ့ကောင်လေးရော ရှိရဲ့လား ?
အတွေးအဆုံး ကိုယ်ဒီရောက်လာတာက ထိုနောက်ကျောပြင်လေး ကြောင့်ဟု မသိစိတ်က အဖြေပေးမိတယ့်အခါ ချက်ချင်းခေါင်းကိုခါချလိုက်ရင်း မျက်လုံးတွေကိုအသာကုန်မှိတ်လိုက်တော့သည် ။
နတ်ဘုံတစ်မျှသာယာ လှတယ့် ကမ်းခြေကြီး ကို စိတ်ထဲ မြင်လိုက်မိတော့ ဘယ်ကမှန်းမသိတယ့် တက်ကြွမှုတွေကပါ အသွေးအသားထဲ နိုးကြွလာပြန်ပြီ ။
ထိုမြို့သို့ရောက်ရင်တော့အဲ့ကမ်းခြေကြီးကိုအရင်ရှာရမယ် ။
YOU ARE READING
Luna (hyunlix)
Fanfiction" လေတိုးဝှေ့ရာအတိုင်း ငြိမ်းချမ်းခြင်းတွေဖြင့် မျော်ပါလာတယ့်မင်း "