𝐓𝐡𝐞 𝐕𝐞𝐧𝐢𝐜𝐞 (4)

163 23 7
                                    

𝐔𝐍𝐈

"Buon giorno"

Hyunjin ဟိုတယ်အပြင် ဘက် ဆေးလိပ်ထွက်သောက်မလို့ အထွက် hotel တံခါးအပြင်ဘက်မှာ  ရပ်စောင့်နေတယ့် မနေ့က felix ဆိုတယ့်ကောင်လေးကြောင့် လန့်သွားမိပါသည်။

" မင်း ဘယ်လို ...?"

မိမိသူ့အနားလာတာ ကို သိနေတယ့်ကောင်လေးက စကားမဆုံးခင် ..

" ကျွန်တော်လမ်းမှတ်မိတယ်လေ "

" တစ်ယောက်ထဲလာတာလား ?"

ခေါင်းညိတ်ပြတယ့်ကောင်လေးကြောင့် hyunjin အံဩမှုတို့ကတစ်ဆင့်ပြီးတစ်ဆင့် ၊ ဘယ်လိုမျိုးတောင်လမ်းတွေကိုမှတ်ထားရတာပါလိမ့် ပြန်မတွေ့ရတော့ဘူးတောင်ထင်ထားတာကို ။

" ဒီမှာ hyung စားဖို့အတွက် "

အ‌တွေးနဲ့သူ့ကိုကြည့်နေတုန်းသူ့အိတ်ထဲက နေ မိမိ ဆီ ထိုး ပေးလာတယ့် ခေါက်ဆွဲဗူး နှစ်ဗူး  ။

" ကျန်တော် ဟိုတယ်က ယူလာတာ "

"...."

တစ်ချက်သူ့အားဝှေ့ကြည့်လိုက်ရင်း ခေါက်ဆွဲဗူးအား ယူလိုက်တော့ ဟီးခနဲပြုံးပြတယ့် ကောင်လေးမျက်နှာသည် ပူတင်း လေး ကြလို့။ 

"ကျေးဇူးပဲ ...ငါသွားပြီ "

"ဟင် သွားတော့မလို့လား "

သူပေးတာဆိုတော့ ယူစားလိုက်မှာပေါ့အထင်နဲ့ဟိုတယ်ထဲ မနေ့ကလို ပြေးဝင်မလို့လုပ်လိုက်ပေမဲ့ တားရှာတယ့်ကောင်လေးကြောင့်ခြေလှမ်းတွေက ရပ်တန့်သွား ၏ ။

" အေးလေ "

သူ့မေးခွန်ကို အေးဆေးပဲ ပြန်ဖြေတော့

" ကျွန်တော်လဲ စားမယ်လေ ... နှစ်ယောက်စားဖို့ နှစ်ဗူးတောင်ယူလာတယ့်ဟာ "

" အမ်း "

" grazie "

ဟိုတယ် ဝန်ထမ်းရဲ့ ရေနွေး လာ ထည့်ပေးမှု တွင် ထိုကောင်လေးက ထိုသို့ကျေးဇူးတင်စကားဆိုတယ် ။
Hotel ရဲ့ အပေါ်ထပ်မှာ view ကြည့်ပြီးစားလို့ရကြောင်း ထိုကောင်လေး ပြောပြမှသိရတာကြောင့် ယခုတော့ hyunjin တို့ ‌နှစ်ယောက်အပေါ်ဘက်သို့ရောက်ရှိသွားသည်။ 
မိမိတစ်ယောက်ထဲဆို ဒီ‌အပေါ်ဘက်ကို ရောက်မိမှာမဟုတ်ပဲ ဘာသာစကားအခက်အခဲကြောင့် တုန့်ဆိုင်းနေမှာဖြစ်ပေမဲ့ Italian ဘာသာစကား ပါ တတ်တယ့် ထိုကောင်လေး နဲ့ကြတော့ ချောချောချူချူ ။ ဒီလိုကြတော့လဲ ငနဲ့လေးကို ကျေးဇူးတောင်တင်ချင်တယ်
Venice မြို့က အပေါ်က ကြည့်မှ အဲ့လောက်လှမှန်းမသိလှကြောင်း သိခဲ့ရတာ ။ အဆောက်အဦးတွေ အုတ်ခဲလမ်းတွေနဲ့ တံတားများ
မြစ်ငယ်လေး ‌ကအလှို့လှို့ လမ်းကြောင်းမျိုးစုံနဲ့စီးဆင်နေပြီး လမ်းသွားများကလဲ အပွားပွား
တယ်ကို လမ်းပျောက်လိုက်မယ့် Venice မြို့
လှလည်းလှသလို သူ့အလှမှာ ခစား ရင်း လမ်းပျောက်သွားသလိုမျိုး Venice city က စွဲဆောင်နိုင်တာ အခုတော့သိခဲ့ရပြီ
လူသွားလူလာတွေနဲ့ပြည့်နေတယ့် လမ်းတွေ
တံယော်သံ ညိမ့်ညိမ့်လေးက လဲ နားသောတဆင်သူများအတွက် နားအေးစရာလိုမျိုး ။

Luna (hyunlix)Where stories live. Discover now