𝐥𝐞𝐚𝐯𝐞 (5)

153 18 7
                                    

UNI

Hyunjin မနက်အိပ်ယာနိုး တော့ အချိန် က ၆ ခွဲလောက်ရှိနေပြီ ။ 
မျက်နှာခင် မှာ ပထမဆုံးလုပ်မိတယ့်အရာ ရေသောက်ချင်းမဟုတ်ပဲ ဆေးလိပ် တစ်လိပ်နဲ့ စတင်လိုက်တယ် ။ မီးခြစ် ကို နှစ်ခါမျှ ခြစ်ယူ လိုက်တော့ပွင့်ထွက်လာတယ့် မီးစ တစ်စ
နှုတ်ခမ်းလွှာနှစ်ခုကြားက ဆေးလိပ် ခေါင်းကိုမီးညှိယူလိုက်ပြီး လက်နှစ်ဖက်ဖြင့်ညှပ် လိုက်ကာ အဆုပ်သေစေမယ့်အငွေ့ များအား ရှူရှိုက်လိုက်ပါတော့ တယ် ... ဒါမှမဟုတ် စိတ်ပေါ့ပါးစေမယ့် အငွေ့တွေလို့ပြောရမလား ?

အမှောင်လွမ်းနေတယ့်အခန်းကို အလင်းရစေရန်အလိုငှား  ပြတင်းတံခါးတွေကို ဖွင့်လိုက်  သည် ။
မနက်ခင်း ပိုင်း လူသွားလူလာနည်းတယ့် လမ်း ကလေးတွေ က မျက်စိအေးစရာဖြစ်ပြီး အရှေ့က ရေမြှောင်းငယ်လေးများက ရေကြည်တို့ တသွင်သွင်စီးလို့ နေတယ်
စိတ်အေးစရာ ဆိုပေမဲ့စိတ်မအေးနိုင် ဖြစ်နေတယ့် နှလုံးသား တစ်ဖက်က ညထဲက တတုန်တုန်နဲ့
သေဖို့နီးလာလေ ရင်တုန်တာတွေဖြစ်လာတာ က သဘာဝလား မပြောတတ်ပေမဲ့ hyunjin စိတ်ထဲတော့စွဲစွဲမြစ်မြစ် ကျန်ရစ်နေတယ့်ပုံရိပ်လေးတစ်ခုက မျက်စိထဲ အခုထိမထွက်တာတော့အမှန်
ရွှေရောင်လဲ့နေတယ့် ဝင်တော့မယ် နေရောင်ခြည် အလင်တန်းစအား နောက်ခံထားကာ အနောက်ဘက်သို့လှည့်လိုက်တယ့် ထိုကောင်လေး
စင်းလှသော နှာတံရဲ့အဆုံး လုံးလုံးဝိုင်းဝိုင်းလေးဖြစ်နေတယ့်နှာတံဖျားလေးက အပေါ်သို့အနည်းငယ်တတ်နေတယ်
မျက်နှာပေါ်က မွှေးညင်းလေးတွေ နေဝင်ဆည်းဆားအကူအညီနဲ့ အရောင်တွေပြောင်းနေတယ် ...
အဖျားကောက်နေသော ဆံစတွေ အား အပေါ်တစ်ဝက်လောက်စုချည်ထားတယ့်သူရဲ့ ကေသာ သည် လေနုလေးတွေတိုက်တာတောင် မွေးရနံ့လေးတွေ ပါလာတတ်ပါသည် ။
လှေလေနဲ့ တအိအိ မောင်းနှင်မှုနဲ့ တစ်ယော်သံ ငြိမ့်ငြိမ့် လေး က ထိုကောင်လေးအလှကိုငေးဖို့ ဝိုင်တစ်ခွက်လိုပင် ။
သူမျက်လုံးတွေမှိတ်နေမလား ကိုယ်မသိတယ့် သူ့ရဲ့အနောက်လှည့်ထားတယ့်မျက်နှာလေး ကဘာတွေလုပ်နေမလဲ မျက်လုံးတွေက ဘယ်ဆီရောက်နေမလဲ အတွေးတွေ များလာရင် များလားရင်း ငေးရင် ငေးရင် တွေး‌ရင်းတွေးရင်း
ဟော
သူ ဒီဖက်လှည့်လာပြီ
ချက်ချင်းဆုံသွားတယ့်မျက်ဝန်းတစ်စုံကြောင့်ရင်ထဲ ‌ဗြောင်းဆန်ကာ သူ့အလှမှာ နှစ်မောသွားတယ်
အသိစိတ်မဲ့သလို ဆက်ကြည့်နေမိရင်း ပြုံးရင်မေးတယ့် သူ့ရဲ့လေသံ အေးအေးလေး
လှလားတယ့်
လှတာပေါ့ ... လှတာမှ နေဝင်ဆည်းဆာကြီးတောင် ယှဉ်နိုင်ဖို့ ခက်နေရော့မယ် ။
ရောင်ယမ်းစွာ မင်းကိုလား မေးကြည့်တော့ တစ်ခစ်ခစ်ရယ်တယ့်ကောင်လေးရဲ့အပြုံးက ရှက်သွားသလိုလို
ထိုအချိန်မှ အသိစိတ်ပြန်ကပ်ရင်းအထစ်ထစ်အငေါ့ငေါ့

Luna (hyunlix)Where stories live. Discover now