ဒဏ်ရာတွေကြောင့် တစ်ပတ်တိတိ ခွင့်ယူလိုက်ရပါသည်။ ဒီတစ်ပတ်အတွင်းတော့ ဆရာနဲ့လည်း မတွေ့ရသည်မို့ လွမ်းရင်း ဆွေးရင်းနဲ့ပဲ နေ့ရက်တွေကို ကုန်ဆုံးရသည်။
ကိုရိန်းကတော့ အိမ်ချင်းလည်း နီးသည်မို့ နေမကောင်းဖြစ်နေတာတောင် ကျွန်တော့်ဘေးကို ရောက်လာတတ်ပါသည်။
တစ်ပတ်တာ ခွင့်ရက်ရှည်ကြီး ပြီးဆုံးတော့ ကျောင်းတက်ရန် ပြုံးပျော်ရွှင်မိသည်က ဖုံးဖိလို့တောင် မရနိုင်...
အမေကတော့ သည်လောက်ထိတောင် ပျော်နေသလားဟု မေးပေမယ့် ကိုရိန်းကတော့ အရင်လို ထေ့ငေါ့ကာ ပြောပြန်သည်။
ကျောင်းဝန်းကို ရောက်တော့ အတန်းက လူတချို့က သက်သာရဲ့လားဟု သတင်းမေးလာကြသည်။
ကိုရိန်းကချည်း ပြန်ဖြေပေးရင်း ဆူဆူညံညံ အုံကြွကုန်ကြပြန်ပါသည်။
ထိုအချိန်မှာ ကျောင်းဝန်းထဲကို Porsche ကားလေးက အရှိန်နှုန်း မှန်မှန်လေးနဲ့ စိုက်ရောက်လို့ လာပါသည်။
ကျောင်းသားတွေကလည်း ဆရာတစ်ယောက် လာပြီမို့ အလျှိုလျှို ထွက်သွားကြတော့သည်။ ကိုရိန်းကလည်း ကျောင်းခန်းကို ဦးတည်နေပြီမို့ အနောက်က လိုက်မည် ပြင်တော့...
"ကလေးတို့ သက်သာကြရဲ့လား"
ဆရာက အဝေးကြီးကနေ လှမ်းအော်ကာ မေးပါသည်။
ကိုရိန်းရော၊ ကျွန်တော်ရော ဆရာ့ကို ရပ်စောင့်နေလိုက်ကြတော့သည်။
"ဆရာ့မှာ ကျောင်းက အချိန်ဇယားတွေနဲ့ ကျူရှင်ကိစ္စတွေကြောင့်ရော မကြာခင် ဖြေရတော့မယ့် နှစ်ဝက်စာမေးပွဲကြောင့်ရော အလုပ်များနေခဲ့လို့ပါ။ မဟုတ်ရင် ဆရာ သတင်းမေး လာမှာပါ"
"ဗျာ... ရပါတယ် ဆရာ ကျွန်တော်တို့ အဆင်ပြေပါတယ်။ ဆရာ ကူညီပေးလို့ ဒီလောက်အထိပဲ ဖြစ်သွားခဲ့ရတာပါ"
လက်တွေကို ခါယမ်းပြီး ဆရာ့ကို ငြင်းဆန်ရပါသည်။ ဆရာ့ဘက်က အခုလိုထိ ပြောလာသည်မို့ အားနာမိခြင်း...
"ဟုတ်ပါပြီကွာ.. ဒီလိုဆို စာမေးပွဲအတွက် အာရုံစိုက်တော့ ဟုတ်ပြီလား။ ဒါပြီးရင် ေနွရာသီ အားလပ်ရက် ခရီးတိုလေး ထွက်ဖို့ ဆရာ စီစဥ်နေပါတယ်။ မင်းတို့ တတိယနှစ်က ကလေးတွေနဲ့လေ... ကျောင်းအုပ်ကတော့ ခွင့်ပြုထားတယ်"

YOU ARE READING
Kissing In The Moonlight [Completed]
Fanficလရောင်လဲ့လဲ့လေး အောက်မှာ မင်းကို အနမ်းတွေပေးမယ်။ ရေနတ်သမီးပန်းတွေ ပေးပြီး မင်းကို ကံကောင်းမှုတွေဆီ ခေါ်သွားပေးမယ်။ မသေချာတဲ့ အနာဂတ်ကို တမ်းတပြီး စိတ်ကူးယဉ်နေမှာထက် သေချာတဲ့ ပစ္စုပ္ပန်မှာ ပိုချစ်သွားပါ့မယ် start: October 15, 2023 end: January 18, 20...