Chapter 13

1.5K 208 82
                                    

ညပိုင်းမှာ မီးပုံပွဲကျင်းပမည်မို့ ကျောင်းသားတွေဟာ စုစုရုံးရုံး ဖြစ်နေကြသည်။

ကိုရိန်းကတော့ ဒူးအထိ ဘောင်းဘီ အညိုရောင်နဲ့ တီရှပ်အဖြူ ဝတ်ပြီး ကျောင်းသားတွေကြားထဲ မီးမွှေးသည့် နည်းလမ်းပြောပြကာ ဆရာကြီး လုပ်နေပါသည်။

ဒီကောင်က နွေရာသီဆို တစ်ခါတစ်ရံ သူ့အဖေရှိသည့် စပိန်ကို ပြန်တတ်သည်။ ထိုအခါ စခန်းချခရီးထွက်လေ့ရှိသည်မို့ အတွေ့အကြုံရှိကြောင်း လက်တွေ့ ကြွားဝါနေခြင်း...

"Taehyung ရေ marshmallow ကင်ဖို့ ယူလာပေးဦး"

ကိုရိန်းက မီးမွှေးနေရင်း လှမ်းအော်နေသည်မို့ ကင်မရာကို ချပြီး marshmallow အထုတ်ကို သွားယူရပါသည်။

ကိုရိန်းဆီ ပြန်ပေးလိုက်တော့ တုတ်ချောင်းလေးတွေနဲ့ marshmallow တွေကို ထိုးပြီး မီးကင်ပါသည်။ ထို့နောက် ကျောင်းသားတချို့ ပြင်ဆင်ပြီးသား Barbeque တွေကိုလည်း ကင်ရင်း ဒီနားတစ်ဝိုက်မှာတော့ မီးခိုးနံ့ တထောင်းထောင်းရယ်၊ အကင်နံ့ တထောင်းထောင်း ဖြစ်လို့နေပါသည်။

တစ်အောင့်ကြာတော့ ကိုရိန်းက အသားကင် တစ်ချောင်းယူပေးသည်။

"ရော့ ဒါကို ဆရာ့ကို သွားပေးလိုက်"

ကိုရိန်းက အနောက်ဘက်မှာ မြေပုံကြည့်ရင်း အလုပ်များနေသည့် ဆရာ့ကို မေးငေါ့ပြကာ အသားကင်ကို ထိုးပေးပါသည်။

မကြာသေးခင်က စိတ်အခြေအနေမကောင်စဖြစ်သွားရသည်မို့ လတ်တလော ဆရာ့ အနား မနေဖို့ ဆုံးဖြတ်ထားသည်ကို ကိုရိန်းကတော့ ကြံဖန်ပြီး သွားခိုင်းပါသည်။

ဒီလိုနဲ့ပဲ အသားကင် ပန်းကန်ယူပြီး ဆရာ့အနား တိုးလို့ သွားရပါသည်။

သစ်ကိုင်းခြောက်၊ သစ်ရွက်ခြောက်တွေကို နင်းမိလို့ ပေါ်လာသည့် အသံတွေကြောင့် ဆရာက မြေပုံ စာရွက်ကြီးကိုင်ပြီး လှည့်ကြည့်သည်။ ကျွန်တော့်ကို တွေ့တော့ ပြုံးပြပြီး

"ဘာကိစ္စရှိလို့လဲ ကလေးလေး"

"အသားကင် ပေးခိုင်းလိုက်လို့ပါ"

ပန်းကန်ကို တိုးပေးပြီး မြေပုံကိုလည်း လှမ်းငေးမိသည်။

"ကြည့်ချင်လား"

Kissing In The Moonlight [Completed]Where stories live. Discover now