ပြတင်းပေါက်ကနေ ရလာတဲ့ နေရောင်ခြည်ကြောင့် ကုတင်ပေါ် အိပ်နေတဲ့ ရှောင်ကျန့်တစ်ယောက် နိူးထလာခဲ့တယ်။
မျက်လုံးတောင် သေချာမဖွင့်နိူင်သေးပေမယ့် မကြည်တဲ့ ခေါင်းက ချက်ချင်းကြီးခံစားရတာမို့ အကြောတေဆန့်ကာ ခေါင်းကိုပြန်နှိပ်မိသည်။
သူမနေ့က အတော်ရေချိန်ရောက်နေတာပဲ။
သူအိမ်ပြန်ရောက်တော့ ဟိုလူက သူ့ကိုလာတွဲပေးတာကို သူသိတယ်။သူဘာပြောတာလဲတော့ သူမမှတ်မိတော့ဘူး။
မနေ့ညက သူတို့မဂ်လာဦးညဆိုတာ သိပေမယ့် ဒီပွဲကို မကန့်ကွက်ပဲ ဖြစ်အောင်လုပ်လိုက်တာမို့ ရှောင်ကျန့်တမင် စီနဲ့သွားခဲ့တာ။
စီဆိုမှပဲ သူလန့်လာတယ်။သူမနေ့ညက သူမကိုမေ့ထားတာပဲ။စိတ်တိုတိုနဲ့ အရက်ချည်း လိမ့်သောက်လိုက်တာ သူ့မာစီပါလာတယ်ဆိုတာ သူတကယ်မေ့သွားတာပဲ။အခုလောက်ဆို သူ့ကိုစိတ်ဆိုးနေရောပေါ့။
စိတ်ထဲမာ တောင်းပန်စကားဆိုရင်း သူဖုန်းခေါ်လိုက်သည်။
သို့ပေမယ့် ကိုင်သူမဲ့တဲ့ဖုန်းက ဖုန်းပိုင်ရှင်ကို သူပြန်ချော့ရတော့မယ်ဆိုတာပဲ။
စိတ်မဆိုးကြောင်း မက်ဆေ့ပို့ကာ ရေမိုးချိုးပြီး ပြင်ဆင်လိုက်သည်။
အောက်ထပ်ရောက်တာနဲ့ ဧည့်ခန်းမာ မိန့်မိန့်ကြီး ထိုင်နေတဲ့ ထိုလူကြောင့် ဂျစ်ချင်စိတ်က ဖြစ်ပေါ်လာပြန်ရော။
"ဘာစားစရာရှိလဲ?"
"မနေ့ညကလို မူးရူးနေတာ နောက်ဆုံးအကြိမ်ဖြစ်ပါစေ"
ဘာလဲ ဒီလူ သူ့ကိုအမိန့်လာပေးတာလား
"နာခံမယ်လို့ ထင်နေတာလား?"
သူ့စကားကြောင့် ကျစ်သတ်တဲ့ ဒီလူက သဘောမတွေ့ပုံ
"လုပ်ရဲရင် အပြစ်ခံယူဖို့တော့ ရှိရမယ် လူ့ကျင့်ဝတ်နဲ့ စည်းရှိပါစေ"
ရုပ်တည်ကြီးနဲ့ ပြောပြီး မီးဖိုခန်းဝင်သွားတဲ့ ထိုလူနောက်ကို ရှောင်ကျန့်လိုက်သွားလိုက်တယ်။
မကျေနပ်တာတွေ ပြန်ပြောဖို့လုပ်ပေမယ့် နွေးပြီးသားထမင်းကြော်ကို ခုံပေါ်ထားကာ "ငါလည်းမချက်တတ်လို့ ဒါပဲစား ငါအလုပ်သွားတော့မယ် လိုအပ်တာတွေ ကြည့်ထားပါ
ခနနေ ဒေါ်ကြီးလာလိမ့်မယ် "