အလုပ်ကနေ ပြန်လာပြီး ညစာစားဖို့အချိန်မာ အပြင်ထွက်ဖို့ လုပ်တဲ့သူကြောင့် ရိပေါ် မျက်ခုံးပင့်လိုက်တယ်။
"မှောင်တော့မာကို ဘယ်သွားမလို့လဲ ကျန့်ကျန့်"
"ကျန့်ကျန့်လို့ မခေါ်နဲ့ဆို ဘယ်သွားသွားပေါ့ ငါ့ကိုဘာမှ လာမတားနဲ့"
ထပ်သွားဖို့ လုပ်တဲ့ သူကြောင့် ရိပေါ် ထိုလက်ကို ခပ်မြန်မြန်ဖမ်းဆုပ်လိုက်သည်။
"မသွားရဘူး ဒီမာ ညစာစားတော့မယ်လေ"
"လွှတ်နော် ဘာလဲ ငါနဲ့ယူလိုက်ပြီဆိုပြီး ငါ့စကားနားထောင်ရမာတဲ့လား"
"ကျစ် ရှောင်ကျန့် မရွှဲ့နဲ့ ပြော မင်းအခုဘယ်သွားမာ မလို့လဲ?"
"အဟက် သိပ်သိချင်နေလား ငါ့ချစ်သူဆီသွားမလို့ စီနဲ့အတူသွားပျော်မလို့ သိချင်တာတွေ သိရပြီဆို လွှတ်လိုက်တော့ "
"မင်းးး!"
"ငါ့စိတ်နဲ့ မဟုတ်လို့ ငါ့ခန္ဓာကိုယ်ရမယ် ငါ့စိတ်တော့ ခင်ဗျား ဘယ်တော့မှ မရဘူး ဝမ်ရိပေါ် ဘာမှလာချုပ်ခွင့်မရှိဘူး အိုခေ"
လက်နတ်မပါပဲ လူသတ်လက်နက်ဆိုတာ ဒါမျိုးထင်တယ်။
ကျန့်လေးစကားကြောင့် ရိပေါ် ဖမ်းထားတဲ့လက်ကို လွတ်ချမိတယ်။မင်းချစ်သူကို ချစ်သလို ငါကလည်း မင်းကို ချစ်မိနေပြီ ရှောင်ကျန့်
ဒေါ်ကြီးနဲ့ အိမ်အကူကောင်မလေးကတော့ သူမတို့ သခင်လေးဝမ်ကိုကြည့်ပြီး စိတ်မကောင်းးးးး
အဲ့ညမာ ဝမ်ရိပေါ်က နာကျင်သလောက် ရှောင်ကျန့်ကတော့ ဘားတစ်ခုမာ ထွမ်စီတို့နဲ့ သာယာနေလျက်......။
.
ဒီမနက်လည်း ရှောင်ကျန့်က ခေါင်းမကြည်ခြင်းနဲ့ နိူးထလာခဲ့တယ်မျက်လုံးမဖွင့်သေးပဲ ဘေးရာကို စမ်းကြည့်လိုက်တော့ အေးစက်စက်အိပ်ယာပဲ တိုးနေတာမို့ ဒီမနက်လည်း ထိုလူက အရင်က ထပြန်ပြီထင်တယ်။
ပျင်းတိတိနဲ့ ရှောင်ကျန့်ထပြီး ရေချိုးခန်းကို သွားနေတုန်းး ဘုန်းကနဲ့ နံရံနဲ့တိုက်လိုက်တာမို့ လူကတန်းကနဲ့မျက်လုံးပွင့်လာသည်။အရင်
ရက်တွေလည်း သူဒီလို သွားနေတာပဲကို...။