EP.6

369 33 4
                                    

လေတွေတဖြူးဖြူး တိုက်နေတဲ့ ညလေးတစ်ညမာ ပေကျင်းမြို့ရဲ့တစ်နေရာက နှစ်ထပ်တိုက်အိမ်ရဲ့ ဝရံတာမာ ကောင်လေးနှစ်ယောက်က ကြယ်ကလေးတွေ လိုက်ကြည့်နေလျက်......

ရှောင်ကျန့်က ပြောစရာရှိတယ်ဆိုလို့ ရိပေါ်တို့အခု လသာဆောင်မာ

‌အိမ်သူလေးကတော့ အပေါ်က ကြယ်ကလေးကိုသာငေးပြီး အတွေးထဲ နှစ်မြောနေပြန်တယ်

စိတ်ညစ်စရာများ ရှိနေတာလားးအခုတလော သူရဲ့အိမ်သူလေးရဲ့ မျက်နှာက မရွှင်မလန်းးး

ရိပေါ်ကိုဆို မျက်နှာချင်း သိပ်မဆိုင်သလို သူ့ကို ကြည့်ပြီဆိုလည်း ခါတိုင်းလို မဟုတ်ပဲ အားနာစိတ်နဲ့ တောင်းပန်နေတဲ့ မျက်ဝန်းနဲ့သာ

ရိပေါ် အမှားတစ်ခုခုများ လုပ်မိတာလားဆိုလည်း မဟုတ်ပြန် ကလေးက သူ့ရည်းစားနဲ့
ပြန်တွေ့နေလို့ သူ့ကိုထားခဲ့ဖို့ စဉ်စားနေဆာတော့ မဟုတ်လားးး?

အမှန်တော့ ကလေးက သူ့ချစ်သူနဲ့ ပြန်ပြီးအဆက်အသွယ် လုပ်နေတာကို သူသိတယ်

တစ်ခါတစ်လေ အလုပ်ကနေ ခိုးခိုးပြီး သွားတွေ့တာလည်း သူသိတယ်။ ဒီကိစ္စနဲ့တော့ ကလေးကို သူဘာမှမမေးလိုဘူး။ကလေးသာ
သူ့ကို ပြောပြချင်ရင် ပြောလာမယ်မဟုတ်လားးးးး

သူ့ကြောင့်သာ ကလေးက သူ့ရည်းစားနဲ့ ကွဲကွာခဲ့ရတာလေ။ ဆိုတော့ ကလေးက သူမနဲ့
ဆက်တွဲမယ်ဆိုလည်း သူခွင့်ပြုနိူင်တယ်။ကလေးကသာ သူ့အနားကနေ မထွက်ခွာပဲရှိနေပေးတာကိုပေါ့

"ဒီနေ့က လကွယ်နေ့မို့လားမသိ ကြယ်ကလေးတွေ ပိုပြီးတောက်ပနေသလိုနော် လောင်ဝမ်"

"လောင်ဝမ်"

အိမ်သူလေးက သူ့ကို တစ်ခါမှမခေါ်ဖူးသော နာမ်စားလေးနဲ့ ခေါ်လာတာမို့ ရိပေါ်လိုက်ဆိုနေမိသည်။ပြီးတော့ သူ့ရင်ဘတ်ထဲက အကောင်ကလည်း ခါတိုင်းထက် ပိုမြူးနေပြန်သည်။

"အွန်း ကြိုက်လား ကျွန်တော်က တစ်ခါမှလောင်ဝမ်အပေါ် နူးညံ့တယ်ကို မရှိဘူး အဲ့အတွက်လည်း တောင်းပန်ပါတယ်နော်"

ဘာလဲ ထူးထူးဆန်းဆန်း ကလေးက ဒါမှမဟုတ် သူတွေးထားသလိုတော့ မဟုတ်ဘူးမလားးးအရင်က ဒီအပြောလေးကို ကြားနေရရင်
သူကြည်နူးမိမာ ။အခုတော့ ပျော်ရွှင်တယ်ဆိုတာထက် သူကိုပြီး လန့်နေခဲ့ရသည်။

ဝမ်သခင်လေးရဲ့ အိမ်သူလေးWhere stories live. Discover now