Ep.8

407 31 5
                                    

မနေ့က ရိပေါ်ကို ချစ်တယ်လို့ ပြောတဲ့ရှောင်ကျန့်က အခုတော့ သူမတူစွာ ရိပေါ်ကိုရဲရဲတောင် မကြည့်ရဲ

စိတ်ဆိုးစိတ်ကောက်တာလားလို့ မထင်ရလောက်အောင် ရိပေါ်ကို ခိုးခိုးကြည့်တတ်ပြီး နားရွက်လေးပါ ရဲတတ်သည်။ ဒါက ရှက်နေတယ်ဆိုသော သဘောပဲ မဟုတ်လား?

"စားလေ မကြိုက်ဘူးလား?"

"မ မဟုတ်ဘူး ကြိုက်တယ်"

ရိပေါ်က ခပ်အေးအေးပဲ ပြောနေတာမို့ အရင်စွာနေတတ်တဲ့ ရှောင်ကျန့်က ချွဲတတ်တဲ့ကြောင်ပေါက်လို အထစ်ထစ်အငေါ့ငေါ့

"ကြိုက်တယ်ဆို မြန်မြန်စား အလုပ်နောက်
ကျမယ်"

"ဟုတ် ဟုတ်"

ရိပေါ် ပြောလိုက်မှ ပလုတ်ပလောင်းစားနေတယ်။

ဘာမှမပြောပေမယ့် ဘေးကနေ ထိုင်စောင့်ပေးလိုက်သည်။

ဒီမနက်မာ အစည်းအဝေးရှိတယ်မဟုတ်လား သူနောက်ကျလို့ မရ‌ဘူးလေ။

ကားတစ်စီးတည်းအတူ စီးနေပေမယ့် အခြေအနေက အေးစက်စက်။

သူလည်းစကားမပြောသလို ကိုယ်ကလည်း ဘာပြောရမှန်းမသိ။

ကားမောင်းသူလီလီကတော့ တိတ်ဆိတ်ခြင်းကြောင့် အသက်တောင် ရဲရဲမရှူရဲ။

ကုမ္မဏီထဲ ရောက်တော့ ရိပေါ်က အစည်း
အဝေးခန်းကိုသာ တန်းသွားလိုက်သည်။

နှုတ်ဆက်စကား ပြောဖို့ လုပ်နေတဲ့ ရှောင်ကျန့်က လောနေတဲ့လောင်ဝမ်ကြောင့် စကားလုံးတွေက လည်ချောင်းထဲမာပိတ်ဆို့နေလျက်...

"ဟူးးးးးဒီအခြေအနေကို သဘောမကျလိုက်တာ"

အကြံအစည်နဲ့ လက်ဖက်စိမ်းကတော့ ဒါတွေကြည့်ပြီး ကျေကျေနပ်နပ်

"ဟဲ့ ရှောင်ကျန့် မြန်မြန်လာ ငါခိုင်းစရာရှိတယ်"

စကားပြန်ပြောချင်စိတ် မရှိတာမို့ ရှောင်ကျန့်သူမဆီသွားလိုက်သည်။

"ဘာ အချိုးချိုးတာလဲ ကပ်ပါးကောင် ငါကခေါ်ရင် စကားပြန်ပြောလေ"

"ကျစ်!"

‌ပြဿနာမဖြစ်ချင်ပါဘူးဆို ဒီမိန်းကလေးက အတော်ရစ်ရှည်တာ

ဝမ်သခင်လေးရဲ့ အိမ်သူလေးWhere stories live. Discover now