ဘာလိုလိုနဲ့ ရှောင်ကျန့် အလုပ်ဝင်ခဲ့တာ တစ်လပြည့်နေပြီ။ ဒီကြားထဲ အဆင်မပြေတာတွေ
ရှိပေမယ့် သူသည်းခံပြီး လုပ်နေခဲ့တယ်။သူတို့ အဖွဲ့မှူးဆိုတဲ့လူက သူ့ကိုဆို လိုတာထက် ပိုခိုင်းတတ်သည်။အာဏာကို ပြပြီးတော့ပေါ့။ပြဿနာတွေ မဖြစ်ချင်လို့သာ သူတတ်နိူင်သလောက် ငြိမ်ခံခဲ့တာ
ပြီးတော့ လက်ဖက်စိမ်းဆိုတဲ့ မိန်းကလေးတစ်ယောက်လည်း သူ့ကိုအမြင်မကြည်
ဘာလို့လဲတော့ မသိ သူမက သူ့ကိုဆိုခနဲသလို အထင်သေးသလို စောင်းစောင်းပြီး ပြောနေတတ်တယ်။
အခုလည်း သူက သူတို့Bossကို မြူစွယ်လို့တဲ့
ဒါကတော့ လွန်လွန်းပြီလေ အဲ့ကြောင့်လည်း သူသည်းမခံနိူင်တော့
"ဒီမာ လက်ဖက်စိမ်း မင်းငါ့ကို ဘာတွေမာနာလို ဘာကိုမကျေနပ်တာလဲတော့ ငါမသိဘူး မင်းငါ့ကို စော်ကားလွန်းတာ များနေပြီနော်"
"အဲ့တော့ "
လက်ပိုက်ကာ သူ့ကို မင်းကဘာတတ်နိူင်သေးလဲ ဆိုတဲ့သဘောနဲ့ ကြည့်လာတာမို့
"ငါက မင်းကိုမသိဘူး ငါ့ကိုစော်ကားနေတာတွေ ရပ်ပါ မဟုတ်ရင် မိန်းကလေးဖြစ်လည်း ငါက မအားနာဘူးနော်"
"ဟား ဟား ပိုင်လုံးကောင်ကများးးးBossကို မြူစွယ်ပြီး နေရာတစ်ခုရထားတာလေးကို ဘဝင်မြင့်နေလိုက်တာ ယောင်္ကျားလေးဖြစ်ပြီး ငါတို့Bossကို မြူစွယ်နေတာ ရှက်တတ်ရင် သေလို့ရပြီ"
"ဘာ!! လက်စသတ်တော့ မင်းက မနာလိုတာကို ငါ့ဘာသာ ဘာပဲဖြစ်နေဖြစ်နေ မင်းဂရုစိုက်ဖို့ မလိုဘူးထင်တယ် ဒီတစ်ခါနောက်ဆုံး ဖြစ်ပါစေ"
ရှောင်ကျန့် ဒေါသထွက်စွာ ဝမ်ရိပေါ်ဆိုတဲ့ဝမ်သခင်လေးကို စိတ်ထဲကနေ ဆဲပစ်လိုက်သည်။
အဲ့တာ သူ့ကြောင့် သူသာ အစကတည်းက တာဝန်မယူချင်ခဲ့ရင် ငါလည်း သူစိမ်းမိန်းကလေးဆီမာ အခုလိုမျိုး အစော်ကားခံရမာမဟုတ်
.
ဒီညရဲ့ အိမ်ပြန်ချိန်လေးကတော့ ခါတိုင်းလို သာလိကာလို ပြောပြီး ရစ်တတ်တဲ့ ကောင်လေးက ငြိမ်နေတာမို့ နေများမကောင်းတာလားဆိုတဲ့ စိုးရိမ်စိတ်က သူ့ကိုသူသတိမထားမိခင်မာ ကလေးရဲ့ နဖူးကိုစမ်းပြီးနေပြီ