အပိုင်း(၂)

1.5K 37 3
                                    

(Unicode)

ကရဝီတိုင်းပြည်မှ အိန္ဒုပြည်အထိ အကွာအဝေးသည် မိုင်ပေါင်း ၂၀၀၀ကျော်ဝေးကွာကာ ယမုံနာမြစ်ဖျားခံရာမှ အဆုံးထိကွာဝေးလေသည်။ ရှင်ခွန်လောင်သည် တိုင်းပြည်မှာ ဘုရင်သည် တာဝန်လစ်ဟင်းနေသည်ကို မနှစ်သက်သကဲ့သို့ တိုင်းရေးပြည်ရေး တစ်စုံတစ်ခုထကြွပါကလည်း အလျင်တဆောပြန်လာရစေရန် အနီးဆုံးဖြစ်သည့် တိုင်းပြည်များကိုသာ လည်ပတ်ရန် တွေးလိုက်သည်။

ထိုသို့ လည်ပတ်ရာတွင်လည်း ထိုတိုင်းပြည်အရှင်များနှင့်လည်း မဟာမိတ်ကို ပိုခိုင်မြဲစေရန်ရွေးထားသည်။ ရှင်ခွန်လောင်သည် တိုင်းပြည်ကနေ ထွက်လာခဲ့ရာ နောက်လိုက်ဗိုလ်ပါအဖြစ် နရာခမန်းနှင့် ဝိန္ဒကိုသာ ခေါ်ခဲ့သည်။ 

ရှင်ခွန်လောင်သည်သာမန်လူအသွင်ယူကာ ယမုံနာမြစ်ကမ်းတစ်လျှောက်က ကျေးရွာနယ်မြေများကို လေ့လာကာ လိုအပ်သည်တို့ကို ပေလွှာဖြင့် မှတ်သားခဲ့သည်။ သူတို့သည် ကသ္မီရနယ်နိမိတ်ကို ဖြတ်ကျော်ပြီးနောက်တွင် အကျယ် ၁ဝ မိုင်၊ အမြင့်ပေ ၆ဝဝဝ ခန့် ရှိသော ချောက်ကမ်းပါးကြီးတစ်ခုကို ဖြတ်သန်းသွားလာရလေသည်။ ထို့နောက် ကာရာကိုရမ်တောင်တန်းနှင့် ဟိမဝန္တာတောင်တန်းအကြား တစ်လျှောက် စကာဒူးမြို့အရောက် ခရီးလာပြီးလျှင် ဟာရာမော့တောင်တန်းကိုဖြတ်သန်း၍ ပေ ၁ဝဝဝဝ နက်သောချောက် ကမ်းပါးကို တွေ့ရလေသည်။

ခရီးသည် ထိုနေရာကနေ ဆက်ရန်ခက်ခဲနေသည့်အတွက်ကြောင့် ဟာရာမော့နယ်စားဆီကို ဝင်တည်းရလေသည်။ ဟာရာမော့နယ်စားသည် သတင်းကျော်စောလှသော ကရဝီဘုရင်ကို မျက်မြင်ထင်ရှားဖူးမြော်ရတာကြောင့် ဝမ်းသာမဆုံးဖြစ်နေလေသည်။ ဟာရာ့မော့နယ်သည် စင်စစ်အားဖြင့် ရှေးခေတ်ဒဏ္ဍာရီလာ ကိုးကွယ်မှုများပြားသော ပြည်နယ်ဖြစ်နေလေရာ စုံလီထွေပြားသော ကိုးကွယ်မှုများရှိလေသည်။ ဟာရာမော့နယ်တွင် စုန်း၊ကဝေ၊နတ်သူငယ်၊သူယောင်မယ်များ၊ ဘီလူးများနှင့် နဂါးများကပါ ကျင်လည်ကျက်စားသော စားကျက်များရှိလေသည်။

ဟာရာမော့နယ်သည် ရှားပါးလှပသောပန်းမျိုးထောင်ချီပွင့်လန်းနေသော တောင်စဉ်တန်းများကြားတွင် တငြိမ့်ငြိမ့်စီးနေသော စမ်းချောင်းများရှိလေသည်။ အဟုန်ပြင်းပြင်းစီးကျနေသော ရေတံခွန်အရိုင်းများလည်း ရှိသည်။ မုဆိုးများအကြိုက် စိုင်၊ချေ၊ဒရယ်၊တောဝက်အစရှိသဖြင့်လည်း ပေါများလေရာ ဟာရာမော့နယ်စားက သူ့အား အမဲလိုက်ရန် အကြံပေးလေသည်။

ယမုံနာမြစ်ကမ်းနံဘေးက ချစ်ပန်းကလေးWhere stories live. Discover now