အပိုင်း(၅)

1.1K 46 6
                                    

ရှင်ခွန်လောင်သည် နေ့ရက်တိုင်းတွင် ထိုသူယောင်လေးအဖို့ လှပပြောင်လက်သော ကျောက်မျက်ရတနာများကို ယူသွားကာ ရေချိုးဆိပ်တွင် ချထားသည်။ မိမိသည် အကွယ်တွင် ပုန်းရှောင်ကာ ထိုသူယောင်လေး အလာကို စောင့်သည်။ ထိုသို့ ပြုလုပ်နေသည်က ယနေ့ဆိုလျှင် ၃ ရက်မြောက်ပင် ရှိနေချေပြီ။

သူယောင်လေးသည်ပင် ရေချိုးဆိပ်ကို ရောက်သည်နှင့် မိမိ ချထားသော ကျောက်မျက်ရတနာများကို ရေချိုးဆိပ်တွင် ရှာရကောင်းမှန်း သိနေချေလေပြီဖြစ်သည်။ နရာခမန်းနှင့် ဝိန္ဒသည်လည်း တောတွင်း၌ ရက်များစွာ နေနေရသည်ကို ငြီးငွေ့လေပြီဖြစ်တာကြောင့် မိမိသည် ဒုတိယမြောက်အဆင့်ကို တက်ရန် ကြံစည်ရလေသည်။

ရှင်ခွန်လောင်သည် ခါတိုင်းကဲ့သို့ပင် ကုန်းမို့ထက်ကနေ စောင့်စားနေစဉ်  မိမိ၏ စိတ်အာရုံ၌ စက္ကန့်မလပ်စိုးမိုးနိုင်လွန်းသော သူယောင်လေးကို မြင်ကာ ရေရွတ်မိသည်။

" ဣန္ဒ...... ဣန္ဒ...... မယ်ဣန္ဒ "

မိမိသည် ကရဝီပြည်၏ အရှင် ရှင်ခွန်လောင်ဖြစ်သကဲ့သို့ သူလေးသည်လည်း  မိမိ၏စိတ်အာရုံ၊ အတွေးများ၏ အရှင်သခင်ဖြစ်တာကြောင့် ဣန္ဒ - အရှင်သခင် ဟုသာ ခေါ်လိုက်ပေသည်။ ဣန္ဒသည် ရေချိုးဆိပ်သို့ ရောက်သည်နှင့် ခါတိုင်းရက်များကဲ့သို့ ပြောင်ပြောင်လက်လက် အဆင်းရှိသော အရာများကို လိုက်ရှာလေသည်။ ရှင်ခွန်လောင်က ကျောက်ဖျာပေါ်တွင် ပယင်းလက်ကောက်တစ်ခုကို တင်ထားသည်ကို တွေ့တာကြောင့် ကောက်ယူကာ ပျော်မြူးနေလေသည်။

ရှင်ခွန်လောင်သည် ထိုအချင်းအရာကို မြင်သည်နှင့် အကြံတစ်ခု ရုတ်ချည်းပေါ်လာပြီး  သူသည် ဣန္ဒအနားက ချုံပုတ်တစ်ခုတွင် ကွယ်ကာ ပုန်းလိုက်သည်။ ပြီးနောက် ပယင်းလက်ကောက်တစ်ခုကို ယူပြီး ချုံပုတ်ထဲမှ လက်သာ ထွက်ပြီး ပယင်းလက်ကောက်ကို လှုပ်ပြလေသည်။

ဣန္ဒသည် ချုံပုတ်ထဲက လှုပ်လှုပ်ရှားရှားဖြစ်သွားတာကြောင့် ထိတ်လန့်သွားသော်လည်း ပယင်းလက်ကောက်ကို မြင်သောအခါတွင် အနားသို့ ကပ်လာသည်။ ဣန္ဒက ဆတ်ခနဲ ဆွဲယူရန် ကြိုးစားသော် ရှင်ခွန်လောင်က လက်ကို ရှောင်လိုက်သည်။

ယမုံနာမြစ်ကမ်းနံဘေးက ချစ်ပန်းကလေးWhere stories live. Discover now