( Unicode)
ကရဝီပြည်၏ မိုးသောက်ယံအခါသမ၌။
တိမ်သားတိမ်စိုင်တို့ ပကတိကင်းမဲ့ကာ သရဝဏ်ရွှေကြယ်မင်းသည် အထက်အာကာပြင်မှ တောက်ရွှန်းစွာ လင်းပလျက် အာရုံဦးကိုကြိုလင့်နေလျက်။
လရောင်ဖြာ၍ ဆိတ်ငြိမ်သော ဝန်းကျင်တွင် အမှောင်ထုသည်ကြီးစိုးနေလျက် လျှပ်တစ်ပြက်တွင် ငွေရောင်ပြိုးပြိုးပျက်ပျက် လင်းခနဲလက်သွားပြီး " ကြွပေရော့ ငါ့၏ အရှင် တိဇောသခင် " ဟူသော အမှောင်ထုထဲက ထိုသူ၏ကြုံးဝါးသံနှင့်အတူ ရှင်ဘုရင်၏ ဦးခေါင်းသည် တိခနဲ ပြတ်ကျသွားလေသည်။
ကြိုးကြာဝမ်းမှသွန်းလုပ်သော သန်လျက်သည် အရှင်တိဇော၏ လက်စွဲတော်လက်နတ်ပင် ဖြစ်သော်လည်း ယခုမူ သူ၏အသက်ဇီဝိန်ကို ခြွေခဲ့လေသည်။ ထိုသူသည် သန်လျက်ကို ညာလက်တွင် မြဲမြံစွာ ဆုပ်ကိုင်လျက် တိုင်းပြည်၏ရှင်ဘုရင်ဟောင်းကို နောက်ဆုံးတစ်ကြိမ် ဂါရဝပြုလိုက်၏။
သိဟ်ရာသီ၏ ပန်းခတ္တာရနံ့သင်းနေသော လေပြေသည် ရှင်ဘုရင်တိဇော၏သွေးနံ့တို့ကိုပါ သယ်ဆောင်သွားလျက် ကရဝီပြည်၌ ဖရူအာမင်းဆက်၏နိဒါန်းသည် မိုးသောက်အာရုံတွင် ဤသို့ အစပျိုးခဲ့လေသည်။
..............
( ပုဂံခေတ် မြန်မာသူရဲကောင်း ဗျတ္တနဲ့ မယ်ဝဏ္ဏတို့ အချစ်ဇာတ်လမ်းကို သဘောကျသဖြင့် ထိုဇာတ်လမ်းကို မှီတည်းကာ မြန်မာနန်းတွင်းဇာတ်လမ်းလေးကို ဖန်တီးထားပါတယ်ဗျ။ ထို့ကြောင့် မူရင်းဇာတ်လမ်းကို ထိခိုက်စေလိုခြင်း ရည်ရွယ်ချက်တစ်စုံတရာမပါရှိကြောင်း ကြိုတင်ပန်ကြားထားအပ်ပါတယ် ။ စိတ်ကူးယဉ်ဇာတ်လမ်းဖြစ်ပါရဲ့ အပြင်လောကမှ နာမည်၊အကြောင်းများက တူညီနေပါက တိုက်ဆိုင်မှုသာဖြစ်ပါသည် )
( Zawgyi)
ကရဝီျပည္၏ မိုးေသာက္ယံအခါသမ၌။
တိမ္သားတိမ္စိုင္တို႔ ပကတိကင္းမဲ့ကာ သရဝဏ္ေ႐ႊၾကယ္မင္းသည္ အထက္အာကာျပင္မွ ေတာက္႐ႊန္းစြာ လင္းပလ်က္ အာ႐ုံဦးကိုႀကိဳလင့္ေနလ်က္။
လေရာင္ျဖာ၍ ဆိတ္ၿငိမ္ေသာ ဝန္းက်င္တြင္ အေမွာင္ထုသည္ႀကီးစိုးေနလ်က္ လွ်ပ္တစ္ျပက္တြင္ ေငြေရာင္ၿပိဳးၿပိဳးပ်က္ပ်က္ လင္းခနဲလက္သြားၿပီး " ႂကြေပေရာ့ ငါ့၏ အရွင္ တိေဇာသခင္ " ဟူေသာ အေမွာင္ထုထဲက ထိုသူ၏ႀကဳံးဝါးသံႏွင့္အတူ ရွင္ဘုရင္၏ ဦးေခါင္းသည္ တိခနဲ ျပတ္က်သြားေလသည္။
ႀကိဳးၾကာဝမ္းမွသြန္းလုပ္ေသာ သန္လ်က္သည္ အရွင္တိေဇာ၏ လက္စြဲေတာ္လက္နတ္ပင္ ျဖစ္ေသာ္လည္း ယခုမူ သူ၏အသက္ဇီဝိန္ကို ေႁခြခဲ့ေလသည္။ ထိုသူသည္ သန္လ်က္ကို ညာလက္တြင္ ၿမဲၿမံစြာ ဆုပ္ကိုင္လ်က္ တိုင္းျပည္၏ရွင္ဘုရင္ေဟာင္းကို ေနာက္ဆုံးတစ္ႀကိမ္ ဂါရဝျပဳလိုက္၏။
သိဟ္ရာသီ၏ ပန္းခတၱာရနံ႔သင္းေနေသာ ေလေျပသည္ ရွင္ဘုရင္တိေဇာ၏ေသြးနံ႔တို႔ကိုပါ သယ္ေဆာင္သြားလ်က္ ကရဝီျပည္၌ ဖ႐ူအာမင္းဆက္၏နိဒါန္းသည္ မိုးေသာက္အာ႐ုံတြင္ ဤသို႔ အစပ်ိဳးခဲ့ေလသည္။
..............
( ပုဂံေခတ္ ျမန္မာသူရဲေကာင္း ဗ်တၱနဲ႔ မယ္ဝဏၰတို႔ အခ်စ္ဇာတ္လမ္းကို သေဘာက်သျဖင့္ ထိုဇာတ္လမ္းကို မွီတည္းကာ ျမန္မာနန္းတြင္းဇာတ္လမ္းေလးကို ဖန္တီးထားပါတယ္ဗ်။ ထို႔ေၾကာင့္ မူရင္းဇာတ္လမ္းကို ထိခိုက္ေစလိုျခင္း ရည္႐ြယ္ခ်က္တစ္စုံတရာမပါရွိေၾကာင္း ႀကိဳတင္ပန္ၾကားထားအပ္ပါတယ္ ။ စိတ္ကူးယဥ္ဇာတ္လမ္းျဖစ္ပါရဲ႕ အျပင္ေလာကမွ နာမည္၊အေၾကာင္းမ်ားက တူညီေနပါက တိုက္ဆိုင္မႈသာျဖစ္ပါသည္ )
YOU ARE READING
ယမုံနာမြစ်ကမ်းနံဘေးက ချစ်ပန်းကလေး
Romanceကရဝီပြည့်ရှင် ရှင်ခွန်လောင်က သူ၏ နလုံးသည်းပွတ်လေးအား ဤသို့ မိန့်ဆိုဖူးသည်။ " ကိုယ်တော့်အတွက် မင်း မသိလိုက်တဲ့ တစ်ခုတည်းသော နိဗ္ဗာန်က မင်းနဲ့အတူနေရခြင်း ဖြစ်တယ် ။ ကိုယ်တော်သာ ဗာဟီရဝါဒီဖြစ်ခဲ့မယ်ဆိုရင် မင်းက ကိုယ်တော်ရဲ့ နေရောင်ခြည်လေး ဖြစ်ပေလိမ့်မယ်...