"ငယ်ငယ်... ဒါက သင်္ချာလေးတစ်ပုဒ်လေ။ ကမ္ဘာကြီးရဲ့ အဆုံးသတ်မဟုတ်သေးပါဘူး။ ဘာလို့ အဲ့လောက်တောင် စိတ်ညစ်နေရတာလဲ"
"မသိဘူး... ခက်တာကြီးကို။"
အဖြေမထွက်တော့တဲ့ အပုဒ်အောက်မှာ ခေါင်းကို ငုံ့လို့ ကျားပုံတွေ လျှောက်ခြစ်နေရင်း ငယ်ငယ်က ပြောတယ်။"ဒါလေးက ကိုကို မနေ့က ရှင်းပြထားတဲ့ ပုံသေနည်းနဲ့ တွက်ရမှာလေ။ ငယ်ငယ်က တော်ပါတယ်။ နည်းနည်းလေး ထပ်ပြီး စဉ်းစားကြည့်ပါဦး" လို့ပြောလိုက်တော့ သူ့ကို မှေးကြောင်ကြောင်လေး ကြည့်လာတယ်။
ဘာလို့ ပြူးကြောင်ကြောင်လေး မဟုတ်ရတာလဲဆိုတော့ ငယ်ငယ့် မျက်လုံးလေးတွေဟာ ဟော့ဒီလောက်လေး... သေးသေးလေးပဲရှိလို့ ဖြစ်ပါတယ်။
"ဒါ ကိုကို မနေ့က ရှင်းပြတာနဲ့ အတူတူပဲပေါ့။""အင်းပေါ့ ငယ်ငယ်ရဲ့။"
"အဲ့တာဆို ဘာလို့ ဆက်တွက်လို့ မရနေတာလဲ။ နေပါဦး... ပြန်တွက် ကြည့်ဦးမယ်"
YOU ARE READING
ငယ်ငယ်ဟာ သူ့အတွက် ပန်းသီးနီကလေး တစ်လုံးဖြစ်တယ်
FanfictionJeon Wonwoo x Kwon Soonyoung [Warning : This story is cringe as fuck so read at your own risk]