ကြမ်းပြင်ပေါ် ပက်လက်လန်ပြီး ရုပ်ပြကာတွန်းတွေ တစ်အုပ်ပြီး တစ်အုပ်ဖတ်နေတုန်း ရင်ဘတ်ပေါ် ရောက်လာတဲ့ အထိအတွေ့လေးတစ်ခုကြောင့် စာအုပ်ကို ဖယ်ပြီး ကြည့်လိုက်တော့
ငယ်ငယ့်ခေါင်းလုံးလုံးလေးက သူ့ရင်ဘတ်ပေါ် လာမှီနေတာကို တွေ့လိုက်ရတယ်။
သူတို့တွေ ပိတ်ရက်မှာ ရုပ်ပြကာတွန်းတွေ အတူ ဖတ်နေတာ အကြာကြီး ရှိနေပြီဆိုတော့ ငယ်ငယ်လည်း ပျင်းနေပြီ ထင်ပါရဲ့။
သူ့ရင်ဘတ်ပေါ် ပါးတစ်ဖက်အပ်လို့ သူ့ကို မကြည့်ဘဲ ရင်ဘတ်က ကြယ်သီးလေးကို ဟိုလှည့်ဒီလှည့် ဆော့နေတဲ့ ငယ်ငယ်ကြောင့် ဆံပင်လေးတွေကို အသာဖွပေးမိတော့ ငယ်ငယ်က လူးလွန့်လာတယ်။
ပြီးတော့ သူ့ဘက်လှည့်လို့ သူ့ရင်ဘတ်ပေါ် မေးလေးတင်ရင်း....
"ကိုကို...."
"hummm..."
"ငယ်ငယ့်ကို ချစ်လား"
ရုတ်တရက် အမေးခံလိုက်ရတာကြောင့် Wonwoo က ဟန်မဆောင်နိုင်ပဲ ပြုံးမိသွားလေတယ်။
အမြဲပဲ သိပ်ချစ်ကြောင်း အပြုအမူတွေကနေတစ်ဆင့်ရော စကားလုံးတွေနဲ့ပါ ဖော်ပြနေကြဖြစ်နေပမဲ့
သိပ်ချွဲတတ်တဲ့ ငယ်ငယ်ဟာ အဲ့လိုလေးလည်း ထထမေးတတ်သေးတာ။
အဲ့ဒီတော့ သူက ငယ်ငယ့်ကို သိပ်ချစ်ကြောင်း ဖြေပေးရဦးမှာပေါ့လေ။
"ချစ်တာပေါ့ ငယ်ငယ်ရဲ့။ ကိုကိုဖြင့် ချစ်လို့တောင် မဝ"
ငယ်ငယ့် နှာထိပ်လေးကို လက်ညိုးလေးနဲ့ အသာတို့ပြီး ဖြေတော့ ခါတိုင်းလို ရှက်ပြုံးလေး ပြုံးသွားရမယ့်အစား
ငယ်ငယ့် မျက်လုံးကျဉ်းလေးတွေဟာ တစ်ခုခုကို စဉ်းစားသလို ထောင့်ကပ်သွားပြီးနောက်
"ကိုကို...."
"အွန်း..."
"ငယ်ငယ် ပိုးဟပ်ကြီး ဖြစ်သွားရင်ရော ချစ်ဦးမှာလားဟင်"
"ဟင်"
Wonwoo ရုတ်တရက်ကြီး ဘာဖြေရမှန်း မသိ ကြောင်အ, သွားမိတယ်။
"ငယ်ငယ်....ငယ်ငယ်က ဘယ်လိုလုပ် ပိုးဟပ်ကြီး ဖြစ်မှာတုန်း"
"ဟွန်....ဖြစ်သွားရင် ပြောတာပေါ့"
YOU ARE READING
ငယ်ငယ်ဟာ သူ့အတွက် ပန်းသီးနီကလေး တစ်လုံးဖြစ်တယ်
FanficJeon Wonwoo x Kwon Soonyoung [Warning : This story is cringe as fuck so read at your own risk]