"ကိုကို...တော်ပြီဆို... မကြည့်နဲ့တော့လို့"
စာကြည့်တိုက်ထဲမှာမို့ ငယ်ငယ်က သူ့အနားကို ကပ်ရင်း ခပ်တိုးတိုးပြောတယ်။
"ဟော... ကိုကို့မှာ မျက်စိပါလို့ ကြည့်တာပဲ။ ဘာဖြစ်လဲ"
သူ့စကားကြောင့် ငယ်ငယ့်မျက်စောင်းလှလှလေးက သူ့ဘက်ကို ဒိုင်းခနဲရောက်လာတယ်။
"ကိုကို....ငယ်ငယ် ဒီနေ့ ဒီစာပြီးမှ ဖြစ်မှာဆို"
"လုပ်လေ ငယ်ငယ်ရဲ့။ ကိုကို ငယ်ငယ့်ကို စောင့်ပေးနေတာပဲကို"
"ငယ်ငယ်က စာလုပ်နေတာကို ကိုကိုက အဲ့လိုကြီး ကြည့်နေတော့ ငယ်ငယ်ဘယ်လို စာဆက်လုပ်ရမှာလဲလို့"
"ကိုကိုက ဘယ်လိုကြီး ကြည့်နေတာလဲ ပြောပြပါဦး"
ငယ်ငယ်တစ်ခွန်းဆို တစ်ခွန်းပြန်စ,နေတဲ့ Wonwoo ရဲ့မျက်နှာမှာ အခုဆိုရင် အပြုံးကြီးကြီးကို တွေ့မြင်ရမှာပဲ ဖြစ်တယ်။
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ဒါဟာ သူ့အတွက် ငယ်ငယ်တစ်ယောက်ထဲ ဖန်တီးပေးနိုင်တဲ့အရာ။
ငယ်ငယ့်ကို မြစ်ဖျားခံပြီး ဖြစ်တည်လာတဲ့ ပျော်ရွှင်မှု။"ကိုကိုက အဲ့လိုပြုံးနေတဲ့အခါ ငယ်ငယ့်လက်တွေ တုန်လာတယ်။ ဘာစာမှ ရေးမရတော့ဘူး"
"အဲ့တာဆို ကိုကိုက မပြုံးပဲ နေရမှာလား"
"ဟင့်အင်း... မပြုံးဘဲနေရင်လည်း ရင်အခုန်လွန်ပြီး ငယ်ငယ့်လက်ဖျားတွေ အေးစက်လာလို့ ဘာစာမှ ရေးမရတော့ပြန်ဘူး"
"ငယ်ငယ်ရယ်..."
စကားတတ်လွန်းတဲ့ အတတ်ကလေး ငယ်ငယ်ကြောင့် စာကြည့်တိုက်တွေဘာတွေ မေ့သွားပြီး ခေါင်းကိုမော့လို့ တဟားဟားအော်ရယ်လိုက်မိလေတယ်။
![](https://img.wattpad.com/cover/357256296-288-k310333.jpg)
YOU ARE READING
ငယ်ငယ်ဟာ သူ့အတွက် ပန်းသီးနီကလေး တစ်လုံးဖြစ်တယ်
FanfictionJeon Wonwoo x Kwon Soonyoung [Warning : This story is cringe as fuck so read at your own risk]