ကိုကိုဟာ ငယ်ငယ့်အတွက် အချိန်ပြည့် ဖက်ထားချင်စရာ Teddy Bear အကြီးကြီးနဲ့ တူတယ်။
ငယ်ငယ့်ကို ချစ်မဝတဲ့ မျက်ဝန်းတွေနဲ့ အမြဲငေးကြည့်တတ်တဲ့ ကိုကိုဟာ သူကိုယ်တိုင်ရော ဘယ်လောက်တောင် ချစ်စရာကြီး ဖြစ်နေတယ် ဆိုတာ သတိထားမိရဲ့လားပဲ။
မျက်မှန်အောက်မှာ ဖုံးကွယ်နေတဲ့ ကိုကို့ မျက်လုံးတွေဟာ အပေါ်ယံကြည့်ရင် အေးစက်ပုံရပေမဲ့ ငယ်ငယ့်အတွက်တော့ ကိုကို့ရဲ့ မျက်ဝန်းတွေဟာ ကမ္ဘာပေါ်မှာ အနွေးထွေးဆုံး မနက်ခင်း နေရောင်ခြည်လေးနဲ့ တူပါတယ်။
ကိုကိုနင်းတဲ့ စက်ဘီးနောက်မှာ ထိုင်စီးရင်း ကိုကို့ကျောပြင်ကို ခေါင်းမှီထားရတာကို သဘောကျတယ်။
မနက်ခင်းမှာ ကိုကို့ဆီက ဆပ်ပြာနံ့သင်းသင်းလေးရပြီး ညနေခင်းမှာ ချွေးနံ့ရောတဲ့ ကိုယ်သင်းနံ့ကလည်း ယောက်ျားဆန်တယ်လို့ ခံစားမိတယ်။
ကိုကိုဟာ ငယ်ငယ့်ကို သူ့အချစ်တွေနဲ့ အသားကျအောင် မကွယ်ဝှက်တမ်း ချစ်ပြခဲ့ပေမဲ့
ကိုကို့ ရီဝေဝေမျက်လုံးတွေနဲ့ ဆုံသွားတိုင်း
ကိုကို့ အသံတိုးတိုးကို ငယ်ငယ့် နားရွက်ဖျားမှာ ကြားရတိုင်း
ကိုကို့နှုတ်ခမ်းပါးပါးတွေရဲ့ စိုစွတ်အေးစက်တဲ့အထိအတွေ့ဟာ ငယ်ငယ့် ပါးပြင်ပေါ် ကျရောက်လာတိုင်း
ငယ်ငယ့် လက်နှစ်ဖက်ကို ဆွဲယူလို့ တရှုံ့ရှုံ့နမ်းရှိုက်တိုင်း
ပွေ့ဖက်တဲ့အခါ ငယ်ငယ့် လက်မောင်းတွေနဲ့ ပခုံးစွန်းလေးတွေကိုပါ နမ်းရှုပ်ယုယတိုင်း
ငယ်ငယ့်မှာ ကနဦး အစလို ရင်ခုန်ရစမြဲ။
ကိုကိုဟာ ငယ်ငယ့်ရဲ့ အချစ်ဦး အသည်းဦးပါ။
ကိုကို့ကို ဆယ်ကျော်သက်အရွယ်မှာ ချစ်မိခဲ့ပြီး ငယ်ငယ့်ရဲ့ ဆယ်ကျော်သက်အရွယ် နှလုံးသားလေး လက်လှမ်းမှီနိုင်သလောက်။
အသည်းနှလုံး တစ်ခုလုံး ခြေကုန်လက်ပန်းကျတဲ့ အထိ ချစ်ရပါတယ်။
ဒါတွေကို ကိုကို့များ ပြောပြရင် "ငယ်ငယ်က သိပ်ပြုစားတာပဲ" လို့ စွပ်စွဲဦးမလားမသိ။

YOU ARE READING
ငယ်ငယ်ဟာ သူ့အတွက် ပန်းသီးနီကလေး တစ်လုံးဖြစ်တယ်
FanfictionJeon Wonwoo x Kwon Soonyoung [Warning : This story is cringe as fuck so read at your own risk]