ကိုကိုနဲ့ ယှဉ်လာရင် ဘိုင်အိုဂျက်ဆစ်တောင် နံပါတ်(၂) ပဲ

676 70 10
                                    

သူနဲ့ အရောင်မတူတဲ့ ဘောလုံးအင်္ကျီလေး ဝတ်ထားတဲ့ ငယ်ငယ်က အဝေးကနေ သူ့ကို လှမ်းကြည့်ရင်း မျက်နှာလေး မဲ့ပြရှာတယ်။

သူ့မှာတော့ နှစ်သိမ့်ပြုံးလေး ပြုံးပြရုံသာတတ်နိုင်ရှာတာပဲ။

အသင်းနှစ်သင်းက ခပ်လှမ်းလှမ်းမှာနေရတဲ့ အနေအထားမို့ သူ့မှာ ငယ်ငယ်နဲ့ အကြာကြီး အကြည် မစိုက်နိုင်။

ငယ်ငယ်ဟာ သူတို့ အသင်းခေါင်းဆောင် ခေါ်ရာနောက်သို့ ယက်ကန်ယက်ကန်လေး ပါသွားရရှာလေတယ်။

"ငယ်ငယ်ရယ်..."

မြတ်နိုးချင်းအပြည့်နဲ့ ခပ်ဖွဖွ ရွတ်မိတဲ့နာမည်အဆုံးမှာတော့ ဘော်ဒါတွေက သူ့အား ခေါင်းတခါခါဖြင့် ကြည့်သွားကြလေရဲ့။
.
.
.
.
.
.
ပထမပွဲစဉ်အပြီး နားနေခန်းမှာ ရေသောက်နေတုန်း သူ့ရဲ့ လက်တစ်ဖက်အား အတင်းဆွဲခေါ်သွားတဲ့ လက်တစ်စုံ။

ဖောင်းအိအိ အထိအတွေ့လေးကြောင့် ဒါဟာ ငယ်ငယ်ကလွဲ ဘယ်သူများ ဖြစ်နိုင်ပါဦးမလဲ။

သူနဲ့ အရောင်မတူတဲ့ ဘောလုံးအင်္ကျီကို ဝတ်ထားရဆဲ ဖြစ်တဲ့ ငယ်ငယ်ဟာ သူ့အား ပိုင်ဆိုးပိုင်နင်းပဲ။ ကျောင်း ဘောလုံးကွင်းနဲ့ သိပ်မဝေးတဲ့ နေရာကို ဆွဲခေါ်လာခဲ့တယ်။

အဲ့ဒီနောက် လူအကွယ်တစ်နေရာကို အရောက်မှာပဲ။

"မုန်းတယ်! မုန်းတယ်! အားလုံးကို မုန်းတယ်!"

ဆူပုတ်ပုတ်မျက်နှာလေးနဲ့ ငယ်ငယ်ဟာ ခြေကို ဆောင့်ဆောင့်ချလို့ ဒေါသတွေ ပုံချပါတော့တယ်။

"ငယ်ငယ်.... ဒါက ကျောင်းအားကစားပွဲလေး တစ်ခုရယ်ပါ"

အပူရှိန်ကြောင့် ပန်းသီးရောင်လေးဖြစ်နေတဲ့ ငယ်ငယ့်ပါးလေးကို လက်မဖြင့် အသာပွတ်သပ်ရင်း သူ့မှာချော့ပြောရတယ်။

ထိုအခါ သူ့အားမော့ကြည့်လာတဲ့ မျက်ပေတုံးကလေး။

"ဒေါသတွေ ထွက်နေတော့ ငယ်ငယ့် စိတ်ကလေး ပင်ပန်းတာပေါ့ကွယ်"

သူ့ထံမှ လေသံအေးအေးကြောင့် ငယ်ငယ့် စိတ်ကလေး နည်းနည်းပြေလာပြီဆိုတာ သိလိုက်တယ်။

နဂိုတွန့်ချိုးနေတဲ့ မျက်ခုံးတန်းလေးနှစ်ခုဟာ အနည်းငယ်ပြေလျော့လာပြီး သူ့ဘောလုံးအင်္ကျီအနားစကို ဆွဲကိုင်လို့ ဆော့ကစားနေတဲ့ ငယ်ငယ်။

ငယ်ငယ်ဟာ သူ့အတွက် ပန်းသီးနီကလေး တစ်လုံးဖြစ်တယ်Where stories live. Discover now