(Unicode)
"အဲ့တော့ ပြောချင်တာက သခင်လေးနဲ့လည်း ဘာမှမပတ်သတ်ဖူး ။ဒီကလေးနဲ့လည်း ဘာမှမသက်ဆိုင်ဖူးပေါ့....."
Jungkookဒါနဲ့ဆို ခေါင်းငြိမ့်တာ ငါးကြိမ်မြောက်ရှိပြီ ဖြစ်သည်။
"ဒါဆို ဒီကလေးက ဘယ်လိုလုပ် မင်းနဲ့အတူရှိနေတာလဲ......"
"Taeလုံးလေးကို လမ်းဘေးမှာ တွေ့တာပါ......."
"လမ်းဘေးမှာတွေ့ပြီး Kimအိမ်တော်ကို ခေါ်လာတယ်ပေါ့....."
"ဟုတ်ကဲ့....."
"မင်း ဘယ်လိုပြောပြော ငါမယုံဘူး ။သခင်လေးဆီက ဘာမှတေ့ာမသိရမခြင်း မင်းကသခင်လေးရဲ့အမျိုးသားဖြစ်သလို ဒီကလေးရဲ့အဖေပဲ...."
ဒီအမျိုးသမီးနဲ့မှာပဲ Singleဖြစ်တဲ့ ကိုယ့်မှာ ယောက်ျားတွေလဲရ ။ကလေးအဖေတွေလည်း ဖြစ်လို့ဖြစ်။
"အဲ့ဒါဆို Kim Taehyung ကို ခေါ်ပေးလို့ရမလား...."
"သခင်လေးကို မနေ့ညကတည်းက ဖုန်းဆက်လို့မရဘူး ။ကြည့်ရတာ အေးအေးဆေးဆေးနေချင်လို့ ဖုန်းတွေထားသွားပုံပဲ ။အဲ့တော့ သခင်လေးပြန်မလာမခြင်း မင်းတို့သားအဖဒီမှာနေလို့ရတယ်......."
"ကျေးဇူးပါဗျ......"
စောက်ကျိုးနည်း ဘာကိစ္စကျေးဇူးသွားတင်နေရတာလဲ။ငါ့အိမ်ကို ငါပြန်လာတာဘာဖြစ်လဲလို့ ပြောမလို့ကို စောက်ကျိုးနည်းယဉ်ကျေးစွာ ကျေးဇူးသွားတင်နေတယ်။
"ဒါဆို ကျွန်တော်ပြန်လိုက်ပါအုံးမယ်......"
"ဘာကိစ္စပြန်မှာလဲ ဒီမှာကလေးနဲ့နေလေ......"
"ကျွန်တော်အလုပ်လုပ်ရအုံးမှာမို့ပါ....."
"ဒါဆို ဘယ်အချိန်ပြန်လာမှာလဲ အတိအကျပြောခဲ့....."
"ဟို ညခြောက်နာရီပြန်လာခဲ့ပါ့မယ်......"
"ဒါဆို သွား......."
"Taeလုံးလေး လိမ်လိမ်မာမာနေခဲ့နော် ။ကိုကို ပြန်လာခဲ့မယ်...."
"မြန်မြန်ပြန်လာနော် Taeလုံးလေးစောင့်နေမှာနော်....."
"ဟုတ်ပါပြီဗျာ....."
နမ်းပါဆိုပြီး ပါးဖောင်းပြလာသော Taeလုံးလေးကို ဘယ်ဘက်ပါးကော ညာဘက်ပါးပါ နမ်းပြီး Kimအိမ်တော်မှ ထွက်လာခဲ့လိုက်သည်။စိတ်ထဲမှာလည်း teaလုံးလေးကို အကြိမ်ကြိမ်တောင်းပန်စကားဆိုရင်းပေါ့။