*5*

2.2K 175 17
                                    

(Unicode)

"Kimအိမ်တော်က ကလေးဆိုတာ အဲ့ကလေးလား...."

"အွန်း....."

"ချစ်စရာလေးပဲ ကလေးက ။သူ့အဖေနဲ့ တူသားပဲ...."

"မင်းက Kimအိမ်တော်က Kim Taehyungကို မြင်ဖူးလို့လား....."

"အွန်း မြင်ဖူးတယ် ရက်ရက်စက်စက်ကိုချောတယ်၊လှတယ်......"

ဗြောင်ဆူးက ယောက်ျားလေးတစ်ယောက်ကို ဒီလောက်ထိ အမွန်းတင်နေရင် kim taehyungက သေချာပေါက်ကို အချောအလှလေးဖြစ်လောက်မည်။

Kimအိမ်တော်မှာ Kim taehyungပုံတစ်ပုံမှ မရှိတာက အတော်ထူးဆန်းဖို့ကောင်းသောအရာပင်။ပြန်ရောက်မှ အိမ်တော်ထိန်းကို အကျိုးအကြောင်းမေးကြည့်ပြီး ပုံတောင်းကြည့်ရမည်။

"အဲ့တာက မင်းdaddyလား....."

"ဟုတ်တယ်..."

"မင်းdaddyကို ဟိုးက မမက ခိုးကြည့်နေတယ်။မင်းတော့အမေအသစ်ရ‌တော့မယ်ထင်တယ်....."

"Daddyက ငါ့အပိုင် ဘယ်သူ့ကိုမှ မပေးဘူး....."

"မင်းမပေးလဲ ဟိုအမက လှတော့ မင်းdaddyက ယူမှာပဲ...."

"မယူရဖူးလို့ပြောနေတာကို အင့်ဟယ်....."

စိတ်တိုစွာနဲ့ တွန်းချပလိုက်ရင် တစ်ဖက်ကလေးမှာလည်း Taehyungကိုပြန်တွန်းလာသည်မို့ ဗွက်အိုင်ထဲကို ဖင်ထိုင်လျက် လဲကျသွားခဲ့ရသည်။

"အီးဟီး Daddy......"

ထိုကလေးက လူကောင်ကြီးသည်မို့ လူခြင်းမမျှတော့ taehyungမှာပိုနာကျင်ရသည်မို့ အော်ငိုလိုက်ခြင်းပင်။အတွေးနဲ့လက်တွေ့ဆိုတာ တစ်ခြားဆီပင်။

"အီးဟီး Daddy....."

Taeလုံးလေးငိုသံကြားရသည်မို့ အနားသွားလိုက်တော့ ဗွက်အိုင်ထဲမှာ အပုံလိုက်လေးလဲကျနေတာကို တွေ့လိုက်ရသည်။သူ့ကိုလည်းမြင်ရော ပိုပြီးငိုလာပြီး နစ်ဖက်ကလေးကို လက်ညှိုးထိုးပြလာသည်။သဘောက သူလုပ်သည်ပေါ့။

တစ်ဖက်ကလေးကို မဆူသေးဘဲ ဂျိုကြည့်ကြည့်လိုက်တော့ ပြေးတာများတန်းနေတာပဲ ။တစ်ချက်မှကို  နောက်လှည့်မကြည့်ပေ။

"ဒယ်ဒီ taeလုံးလေးက အားပေးတူးလေးဖြစ်သွားပြီပဲ...."

ဗွက်ဗလပွဖြစ်နေသော Taeလုံးလေးကို ပွေ့ချီလိုက်တော့ Jungkookအင်္ကျီတွေပါ ဗွက်တွေပေကုန်ရော။

TaeလုံးလေးWhere stories live. Discover now