(Unicode)
"Taeလုံးလေး ဘာတွေလုပ်......"
"Taeလုံးလေးက ဈေးရောင်း......"
candyများကို ပါးစပ်ထဲ တစ်လုံးခြင်းဆီထည့်ရင်းပြောလာသော Taeလုံးလေး။
"ဘယ်လောက်ဖိုး ဝယ်မှာလဲ ဦးလေးဗြောင်ဆူး....."
"ဘာမှမဝယ်ပါဘူးဟ...."
"မဝယ်ရင် ဆိုင်ထဲကထွက် ။ဝယ်မယ်ဆိုမှ ဝင်ခဲ့....."
ဆိုင်ပေါက်ကို လက်ညိုးဖြင့် ညွှန်ပြရင်း ဆိုလာသော Taeလုံးလေးကြောင့် သူကောjungkookပါ သဘောတကျရယ်မိသွားသည်။
"ကြိုက်မှဝယ်မှာပေါ့ ဟ...."
"Taeလုံးလေးတို့ဆိုင်က ဝင်လာတဲ့သူတိုင်းအကြိုက်တွေ့မယ့်candyတွေပဲရောင်းတာ ။မဝယ်ရင် ရူးနေလို့ပဲ......"
ဗြောင်ဆူးမှာ ရူးတယ်အပြောခံရသည့်အတွက် မျက်နှာကြီးကရှုံ့မဲ့လို့။မဝယ်ချင်ဝယ်ချင်နှင့်ပင် candy တွေဝယ်ရတော့သည်။
"အကြွေမရှိတော့ ပြန်မအမ်းတော့ဘူးနော် အဲ့အစား candyတွေ ပိုထည့်ပေးလိုက်ပါတယ် ခင်ဗျ......"
Candy ထုပ်လေးကို တရိုတစ်သေ ကမ်းပေးရင်း ဆိုလာသော taeလုံးလေး။ဗြောင်ဆူးမှာလည်း မျက်နှာကြီးရှုံ့မဲ့ကာ လက်ခံချင်မခံချင်ဖြင့် လှမ်းယူလိုက်တော့သည်။
အကြွေတွေအများကြီးရှိပါလျက်နဲ့မရှိဘူး ဗြောင်ငြင်းလာသော Taeလုံးလေးက တကယ့်ကို ငလည်ကောင်လေး။ကလေးဖြစ်ပြီး ကလိမ်ကကျစ်သမားလေး။Jeon Jungkookနဲ့အနေနီးတော့ ဓာတ်ကူးတာ မဆန်းတော့။
"ရှုံ့မဲ့မနေနဲ့ ကိုယ်သူငယ်ချင်းဆိုင် အားပေးရတာကို...."
"မင်းဖွင့်ဖို့စဉ်းစားတဲ့ဆိုင်က candyဆိုင်လား...."
"မဟုတ်ပါဘူး ငါအစက စဉ်းစားတာ tatooဆိုင်....."
"ဒါဆို ဘာလို့candyဆိုင်ဖွင့်တာလဲ....."
"Tae လုံးလေး ဖွင့်ချင်လို့လေ......."
"အဲ့ကလေးချီးစားဆို မင်းစားမှာလား......"
"မမိုက်ရိုင်းနဲ့။ငါ့အတွက်က Taeလုံးလေးကော သူ့ပါပါးပါ အရေးကြီးဆုံးပဲ......"
ဘယ်လိုလဲဆိုသော မျက်နှာဘေးဖြင့် ကြည့်လာသော Taeလုံးလေးရဲ့အကြည့်ကို ဗြောင်ဆူးတစ်ယောက်မမြင်ချင်ယောင်တောင်ထားလိုက်သည်။ခုနောက်ပိုင်း Taeလုံးလေးကို ကလေးလို့ကို မမြင်တော့တာ သူတစ်ယောက်ထဲလား မသိ။