(Unicode)
"သခင်လေး ထော့နဲ့ထော့နဲ့ နဲ့ ဘာဖြစ်လာတာလဲ........"
"၈လက်မသံချောင်းနဲ့အထိုးခံလိုက်ရလို့........"
jungkookကို မျက်စောင်းထိုးပြီး အိမ်တော်ထိန်းအမေးကို ပြန်ဖြေရသည်။သူမျက်စောင်းထိုးတော့ ယုန်သွားလေးတွေပေါ်အောင် ရယ်ပြလာသည်။
"ဘယ်နားထိုးမိသွားတာလဲ သခင်လေး....."
"စပ်စုလွန်းလို့လဲ အပျိုကြီးဖြစ်နေတာ ဖြစ်မယ်........"
သူမကို အလိုမကျစွာကြည့်ကာ ပြောဆိုပြီး သခင်လေးကို ပွေ့ချီကာ အပေါ်တတ်သွားသော ထိုကောင်လေးကြောင့် အိမ်တော်ထိန်းမှာ တအံ့တဩ။စိတ်ပူလို့မေးတာလေ။စပ်စုတာဖြစ်သွားရောလား။
မမြင်နိုင်မှန်းသိပေမယ့် ထိုကောင်လေးကို စိတ်ထဲမှန်းပြီး မျက်စောင်းသာ လိမ့်ထိုးလိုက်သည်။သခင်လေးနှင့် တစ်ခုခုပတ်သတ်နေသည်မို့ ပြောတော့မပြောရဲ။မပြောရဲတာထက် ထိုလူ့ဆီမှာ အရှိန်အဝါ တစ်ခုခု ရှိနေသောကြောင့် မပြောရဲခြင်းပေ။ဝတ်ထားတာက ဂျလေပီဆန်ပေမယ့်ပေါ့။
"ဆရာဝန် တကယ်မလိုအပ်တာ သေချာပြီလား Taeလုံးလေး...."
"သေချာတယ်......."
"ဒါဆို ဘောင်းဘီချွတ်ပြီး ကုန်း......."
"ဘာ ထပ်ကုန်းရရင် ငါ့ဖင်ချုပ်ရယုံပဲ ရှိတော့မယ်......"
"Taeလုံးလေး ဘာတွေတွေးနေတာလဲ ကိုယ်ကဆေးလိမ်းပေးမလို့လေ......."
ပြီတီတီဖြင့်ပြောလာသော jungkook ကို မျက်စောင်းထိုးလိုက်ပြီး ဘောင်းဘီချွတ်ကာ ကုန်းပေးရတော့သည်။ရှက်မယ်ထင်လား နိုးပါ။ဒါက ရှက်စရာကိစ္စမှမဟုတ်တာ။ပြီးတော့ သူစိမ်းမဟုတ်ဖူးလေ။သူ့နှလုံးသားလေး Jungkookမလား။
ဆေးလူးတော့ စပ်ဖျင်းဖျက်းဖြစ်ပေမယ့်လည်း မနာအောင်ဂရုတစ်စိုက်လိမ်းပေးနေသည်မို့ ငြိမ်ပြီးတော့ခံနေလိုက်သည်။jeon jungkookဖုန်းကို ကလိနေရင်းပေါ့။
ကြူစိန်ထုထားတဲ့မိန်းကလေးတွေကလဲ သူ့လောက်တော့ မလှ။ချောလည်းမချော ။ချစ်စရာလည်း မကောင်း။ဒါကို ဘယ်လိုစိတ်မျိုးနဲ့များ ကြူစိန်ထုလည်း နားမလည်။