(Unicode)
"ဟင့် ဘာလို့လဲ ဘာလို့ သူက ကျွန်တော့်ဘေးနား မရှိရတာလဲ ဖြေပေးပါ..."
မနက်မိုးလင်းလင်းခြင်း အဘွားအိုရှိရာဆီ လာမေးဖြစ်သည်က ထိုစကား။
"ဒါမှမဟုတ် ကျွန်တော့်အချစ်က မစစ်ခဲ့လို့လား ဟင်....."
သူ့ရင်ဘက်လေးသူပုတ်ရင်း ငိုကာ ဆိုလာသော ကောင်လေးကို သူမ ဘာပြန်ပြောရမှန်းမသိ။ဒေါသထွက်လွန်းလို့ လုပ်ခဲ့မိတဲ့အမှားတစ်ခုက ထိုမျှလောက်ဖြစ်သွားလိမ့်မယ်လို့မထင်ထားခဲ့။
"တောင်းပန်ပါတယ်......."
ထိုစကားတစ်ခွန်းသာ သူမခွန်းတုံ့ပြန်နိုင်တော့သည်။
"ကျွန်တော်လိုချင်တာ တောင်းပန်စကားမဟုတ်ဖူး ။ဂျွန်ဂျောင်ဂုကိုပါ။ဂျွန်ဂျောင်ဂုကိုပဲ ကျွန်တော်လိုချင်တာပါ......"
ငိုရလွန်းလို့ မျက်လုံးတွေလည်းမို့နေသလို ခေါင်းတွေလည်း ကိုက်ခဲနေပြီ။ခုချိန်မှာ ဒါတွေကိုလည်းမမုပေ။Jungkookကိုတာ တွေ့ချင်သည်။Jungkookကို Taeလုံးလေးဘဝလိုမျိုး ပြန်လိုချင်သည်။Jungkook သူ့ဘေးနားပြန်လာဖို့ ဘာလုပ်ရမလဲ။ပြန်ငယ်ဆိုရင်တောင် ပြန်ငယ်လိုက်မည်။
Jungkookအနားမှာမရှိတာကို ဘယ်လိုမှ ခံစားလို့မရဘူး။သူ့မျက်နှာလေးမြင်ချင်တယ်။သူ့အသံကြားချင်တယ်။သူ့ရယ်သံလေး ကြားချင်တယ်။အနွေးထွေးဆုံးသူ့ရင်ခွင်လိုအပ်တယ်။ဖက်တွယ်မှုလည်း လိုအပ်တယ်။အနမ်းတွေလည်း လိုအပ်တယ်။ခုချိန်မှာ Jungkookနဲ့ပတ်သတ်သမျှ အရာအားလုံးလိုအပ်ပါသည်။
"ကျေးဇူးပြု၍ Jungkookကို ပြန်ခေါ်ပေးပါ......"
ရှိုက်ကြီးတစ်ငင်ဖြင့် ငိုကြွေးနေသော ဒီကောင်လေးကို သူမ ဘယ်လိုလုပ်ရပါ့။ဒီလောက်ထိနာကျင်မယ်မှန်း သူမ မသိခဲ့ရိုးအမှန်ပါ။ကိုယ့်ဒေါသတစ်ခုထဲနဲ့ ထင်ရာလုပ်မိခဲ့ခြင်းက ခုလိုမျိုးနာကျင်စရာ ကောင်းမှန်းသာ သိခဲ့ရင် ဒီကောင်လေးကို ကျိန်စာမတိုက်ခဲ့ပါဘူး။မှားခဲ့တဲ့အမှားတွေကိုတော့ ပြန်ပြင်လို့မှမရတော့ဘဲလေ။
"အချစ်စစ်သာမှန်ရင် ဟိုကောင်လေးက ပြန်ရောက်လာပါလိမ့်မယ်။သူဘယ်လောက်ချစ်ကြောင်းမင်းသိရင် မင်းဘယ်လောက်ချစ်ကြောင်း သူသိအောင် သက်သေပြကြည့်ပါလား......"