Unicode
"ဘာ!! စာမေးပွဲကျတယ်ပေါ့ ဟုတ်လား!!"
"ဟုတ်တယ်လေ စာမေးပွဲကျတာ ထူးဆန်းတာမှမဟုတ်ပဲ"
"ဟ! ဒါ ဆယ်တန်းစာမေးပွဲ! နင့်ဘဝကိုအဆုံးအဖြတ်ပေးမယ့် စာမေးပွဲ! ဘဝရဲ့စာမေးပွဲကိုတောင် နင်ကျတယ်ဆိုတော့ နင် ဘာလုပ်စားမှာလဲ!!"
ဆယ်တန်း စာမေးပွဲကို နှစ်ချင်းပေါက် ကျသွားသည့် အတွက် နိုင့် မိဘများကတော့ ဒေါသပုန်ထနေလေသည် ။ မိဘတွေတော်တော်များများကတော့ ဆယ်တန်းစာမေးပွဲကို ဘဝရဲ့အဆုံးအဖြတ်လို့ သတ်မှတ်ကြလေရဲ့ ။
"ဆယ်တန်းလေးမအောင်တာနဲ့ပဲ ဘဝကြီးစုတ်ပြတ်သတ်သွားတာမှမဟုတ်ပဲ ပါပါးရယ် လုပ်စားလို့ရတဲ့ အလုပ်တွေမှအများကြီး"
"နင် ဘာလုပ်စားမှာလဲ! ပြောစမ်း!!"
"ဂလိုင်လေး လှုပ်ကာရယ် ရေခဲချောင်း ရောင်းပါမယ်"
"ဘာပြောလိုက်တယ်!!"
"ငယ်ငယ်တုန်းက ပါပါးတို့ ဖွင့်ပေးနေကြ သီချင်းလေး နားထဲပြန်ကြားမိလိုက်လို့ပါ"
"နင့်ကိုငါ တစ်ခါထဲပြောလိုက်မယ် မိဆူး ဆယ်တန်းစာမေးပွဲကို မအောင်လို့ကတော့ နင်အိမ်ပေါ်က ဆင်းရမယ်မှတ်!!"
ဖခင်ဖြစ်သူ၏ စကားကြောင့် နိုင် ကြက်သေ သေမိသွားသည် ။ မီးဖိုချောင်ထဲတွင် ဟင်းချက် နေသည့် နိုင့် မာမားကတော့ မကြားချင်ယောင် ဆောင်နေလေသည် ။
ဆယ်တန်းစာမေးပွဲလေး ကျတာကို ဘာကြောင့် ယခုလိုဖြစ်ပျက်နေကြသလည်း စဉ်းစားမရပေ ။ တစ်နှစ်ကျရင် နောက်တစ်နှစ်ပေါ့ ။ နိုင့် အတွက် ဆယ်တန်းစာမေးပွဲကျသည်မှာ ထူးဆန်းသည့်အရာတော့ မဟုတ်ပေ။
စိတ်ညစ်ညစ်ဖြင့် တစ်ယောက်တည်း လမ်းလျှောက်ထွက်လာရာ ဆယ်တန်း ကျသူများမှာ ငိုကြသလို အောင်သူများကလည်း သူသူငါငါ ဖုန်းဆက်ကြွားကြလေသည် ။
"ဟင်း ... အထူးအဆန်းလုပ်လို့"
လမ်းလျှောက်လာရာမှ သူငယ်ချင်း ဖြစ်သူ ဆုရည် အိမ်သို့ ရောက်လာလေသည် ။ နိုင် ၏ သူငယ်ချင်းလဲ စာမေးပွဲကျတယ် မဟုတ်လား ။

YOU ARE READING
နွယ် ( Mini Story ) {Completed}
Romanceကိုယ့်ကိုစာသင်ပေးတဲ့ ဂိုက်ဆရာမကလည်း ကိုယ့်ချစ်သူဖြစ်သွားနိုင်ပါတယ် ။ Mini Story ။ True Story ။ Own Creation ။