တိတ်ဆိတ်ငြိမ်သက်နေတဲ့ ထမင်းစားခန်းထဲ ယွန်းဂျောင်ဟန် နွားနို့ခွက်ကို အသံမထွက်အောင် ယူသောက်ရင်း ချွဲဆွန်းချောကို မျက်လုံးထောင့်က ခိုးကြည့်နေမိတယ်။ အယ်လ်ဖာတစ်ယောက်ကို စကားစပြောချင်ရင် ဘာအကြောင်းက စပြောသင့်လဲလို့ SNSပေါ် တက်မေးချင်နေပြီ။
"ကိုယ့်မျက်နှာမှာ ဘာမှမရှိလို့ ကြည့်မနေဘဲ မနက်စာကို ဂရုစိုက်စားသင့်တယ် ကောင်လေး..."
ယွန်းဂျောင်ဟန် ကမန်းကတန်းအကြည့်လွှဲရင်း နွားနို့ကိုပဲ ကုန်အောင် ဖိသောက်လိုက်ရတယ်လေ။ သူ ထပ်မကြည့်ရဲတော့ဘူး။
"မင်း အိမ်ပြန်ချင်တယ်ဆိုရင် ကိုယ်လိုက်ပို့ခိုင်းလိုက်မယ်...."
"ဟုတ်ကဲ့.."
"ယွန်းဂျောင်ဟန်...."
"ဟုတ်ကဲ့"
"ဘယ်ကိစ္စမဆို ကိုယ့်ကိုပြောပြလို့ရတယ်...ကိုယ်က မင်းထက်အသက်ကြီးတာမို့ မင်းအတွက် အကူအညီဖြစ်မှာပါ"
ဂျောင်ဟန် ဒီအတိုင်းလေးသာ ငေးကြည့်နေမိတယ်။ ပြတ်သားတဲ့ အသံက အတက်အကျမရှိပေမယ့် ဂျောင်ဟန်နားထဲမှာတော့ ငြိမ့်ငြိမ့်လေး စီးဝင်သွားတာ။ သူမပြန်ချင်တော့ဘူးဆိုပြီး အော်ငိုလိုက်ရမလားးးးး။
"ဟုတ်ကဲ့ ကိုကို ကျွန်တော်သိပါပြီ..."
မပြန်ချင်ပေမယ့် ပြန်ရမှာပဲလေ။ အခုထိ အချိန်မကျသေးဘူးမလား။ ဂျောင်ဟန် အပြုံးလေးနဲ့ပဲ နှုတ်ဆက်ရင်း ကားပေါ်တက်လိုက်တယ်။ ကားထွက်ခါနီးလေးမှာ အော်ပြောခဲ့လိုက်သေးတာ။
"ကိုကို ကျွန်တော် ဖုန်းဆက်မယ်နော်!!!!"
ချွဲဆွန်းချောတစ်ယောက် ပြုံးပြီးကျန်ခဲ့တာတော့ ယွန်းဂျောင်ဟန်မသိတော့ပါဘူး။
____________________
ဂျောင်ဟန် အိမ်ထဲဝင်လာရင်း တိတ်ဆိတ်နေပါလားလို့ တွေးမိတော့
"အဒေါ်ကြီး ဦးလေးနဲ့ ဟျောင်း ကုမ္ပဏီသွားလိုက်ပြီလား.."
"မသွားရသေးပါဘူး အစ်ကိုလေး အပေါ်မှာ ရှိပါတယ် အစ်ကိုလေးပြန်မလာသေးလို့ စိတ်ပူနေကြတာပါ..."
YOU ARE READING
ပြန်လည်ရှင်သန်ပြီးနောက် အိုမီဂါလေးပြောင်းလဲသွားပြီ (Completed)
Fanfictionဒီဘဝမှာတော့ ချစ်ခြင်းမေတ္တာမှန်သမျှ ကိုကို့အတွက်ပဲ~~~