ဟန်မီယောင်း သွေးကြောထဲထိ စိမ့်နေအောင်ကြောက်ရွံ့သွားတဲ့ ခံစားချက်ကြောင့် စကားသံတောင် ထွက်မလာနိုင်တော့ဘူး။
"တောင်း....တောင်းပန်ပါတယ် ဥက္ကဌချွဲ....ကျွန်...ကျွန်မက အဲ့ဒီလိုသဘောနဲ့ ရည်ရွယ်ပြီး ပြောတာ မဟုတ်ပါဘူး...."
"မင်းတောင်းပန်ရမယ့်သူက ငါမဟုတ်ဘူး..."
ဟန်မီယောင်းလည်း ယွန်းဂျောင်ဟန်ဘက်လှည့်ကာ
"အစ်မတောင်းပန်ပါတယ်....အစ်မက ဘာသဘောနဲ့မှ ပြောလိုက်တာမဟုတ်ပါဘူး...."
ယွန်းဂျောင်ဟန်တို့ တောင်းပန်တိုင်း ခွင့်လွှတ်မယ်လူမျိုးလို့ ထင်နေရင်မှားမှာပေါ့။
"ကိုကို...ကျွန်တော်တို့ ပြန်ရအောင်"
"အိုခေ....ဘယ်ရီ့ကို အိမ်ပြန်လိုက်ပို့ပေးမယ်"
ဟန်မီယောင်းကို မရှိတဲ့လူလို သဘောထားပြီး နှစ်ယောက်လုံးထရပ်ကာ ထွက်သွားကြဖို့ ပြင်လိုက်ပြီးမှာ ချွဲဆွန်းချောက ဟန်မီယောင်းဘက်လှည့်ကာ....
"ပထမဆုံးမို့ ခွင့်လွှတ်လိုက်မယ်....ဘယ်အရာကို ထိသင့်လဲ ဘယ်အရာကိုမထိသင့်ဘူးလဲဆိုတာ မင်းမှာဦးနှောက်ပါရင် တွေးတတ်မယ်လို့ မျှော်လင့်ပါတယ်...."
ဟန်မီယောင်း ထွက်သွားတဲ့လူနှစ်ယောက်ကို ကြည့်ရင်း မကျေမချမ်းအံကြိတ်ထားမိတယ်။ ယွန်းဂျောင်ဟန်ဆိုတဲ့ကောင်က ဘာမို့လို့ ချွဲဆွန်းချောက ဒီလောက် အရေးပေးနေရတာလဲ။ သူမ ဒီအတိုင်း ဆက်ပြီး အဖြစ်ခံမှာမဟုတ်ဘူး။
"တောက်....ယွန်းဂျောင်ဟန် နင်စောင့်ကြည့်နေလိုက်...."
_________________
ယွန်းဂျောင်ဟန် အိမ်ထဲဝင်လာရင်း ပြုံးစိစိဖြစ်နေတာကို မရပ်နိုင်ဘူး။ သူအရမ်းအူမြူးနေလို့။
ကိုကိုက ငါ့အိုမီဂါလို့ ပြောတဲ့အပြင် သူ့ဘက်ကပဲလေ။ အရင်တုန်းက ဘာတွေ တွေးပြီး စိတ်ပူနေမိပါလိမ့်နော်။
~~~တီ တီ~~~~
ဖုန်းလာလို့ ထုတ်ကြည့်လိုက်တော့ မီဆိုးလ်နာမည်ကိုမြင်လိုက်မှ သတိရတယ်။ သူ မီဆိုးလ်ကိုခေါ်ဖို့မေ့ခဲ့ပြီ။
YOU ARE READING
ပြန်လည်ရှင်သန်ပြီးနောက် အိုမီဂါလေးပြောင်းလဲသွားပြီ (Completed)
Fanfictionဒီဘဝမှာတော့ ချစ်ခြင်းမေတ္တာမှန်သမျှ ကိုကို့အတွက်ပဲ~~~