ယွန်းဂျောင်ဟန် မက်ဆေ့ကို ကြည့်ရင်း ဒီလောက်တုံးတဲ့လူလည်း ရှိသေးလားလို့ တွေးမိတယ်။ ဘယ့်နှယ့် ဘာအားနည်းချက်လဲဆိုတာ သဲလွန်စလေးတောင် မပါဘဲ လာခြိမ်းခြောက်နေတာ သူ့ကို သူငယ်နှပ်စားလေးထင်လို့လား။
ယွန်းဂျောင်ဟန် မက်ဆေ့ကို ချွဲဆွန်းချောဆီပြန်ပို့လိုက်တယ်။
"ကျွန်တော် မသိတဲ့ ကိုကို့အားနည်းချက်က ဘာလဲ အခုပြော"
ချွဲဆွန်းချော အလုပ်ရှုပ်နေရင်းက စာဝင်လာတဲ့ အသံကြားလို့ကြည့်လိုက်တော့
ဘယ်သူက သူ့အိုမီဂါကို ခြိမ်းခြောက်ရဲတာလဲ။ အတော် သတ္တိကောင်းနေတာပဲ။
"သေချာပေါက် မင်းပေါ့"
ပြန်ပို့လာတဲ့ စာကို ကြည့်ရင်း ယွန်းဂျောင်ဟန် နှစ်စက္ကန့်လောက်ရှက်သွားမိတယ်။ ဟီး ချစ်ဖို့ကောင်းလိုက်တာနော်။
"ဒါဆို ဒါကို ဘယ်လိုလုပ်ရမှာလဲ"
ချွဲဆွန်းချော ခဏလောက်စဉ်းစားလိုက်ပြီးမှ စာပြန်လိုက်တယ်။
"ကိုယ်ဖြေရှင်းလိုက်မယ်"
"အိုခေ"
"ဒီည ကိုယ်အလုပ်ရှုပ်နေတာလေးတွေရှိလို့ ဘယ်ရီ ကိုယ့်ကို မစောင့်ဘဲ အိပ်နှင့်နော်"
ယွန်းဂျောင်ဟန် မျက်မှောင်ကြုတ်မိသွားတယ်။
"ဒါက ဘာသဘောလဲ....ကျွန်တော့်ကို အမှိုက်လေးလို ဂျောင်ထိုးထားလိုက်တာလား....ရှင်ဘုရင် အိပ်ဆောင်လာမှာကို ထိုင်မျှော်နေရမယ့် အပယ်ခံကိုယ်လုပ်တော်လေးလား....အလုပ်လောက်မှ အရေးမပါတဲ့ စိတ်ရှုပ်စရာ အပျော်ဇယားလေးလား"
စာဖတ်ရင်း ဆွံ့အသွားတဲ့ ချွဲဆွန်းချောကတော့ ဘာပြန်ပြောရမလဲ မသိတော့ဘူး။
"ယွန်းဘယ်ရီကနေ ယွန်းဒရာမာကင်း ဖြစ်သွားတာပဲ..."
"ဒါက ချီးကျူးတာလို့ပဲ သတ်မှတ်လိုက်ပါမယ်နော်"
ယွန်းဂျောင်ဟန် ခဏလောက်စဉ်းစားရင်း နောက်တစ်ကြောင်းထပ်ပို့လိုက်တယ်။
"နောက်ကျတာက ရပေမယ့် ကျွန်တော့်ကို မချော့နိုင်ရင် ပီကေဝါးခွင့် ပိတ်မယ် ဒါပဲ"
YOU ARE READING
ပြန်လည်ရှင်သန်ပြီးနောက် အိုမီဂါလေးပြောင်းလဲသွားပြီ (Completed)
Fanfictionဒီဘဝမှာတော့ ချစ်ခြင်းမေတ္တာမှန်သမျှ ကိုကို့အတွက်ပဲ~~~