ယွန်းဂျောင်ဟန် ကားပေါ်က ဆင်းလိုက်တာနဲ့ သူ့ဆီကို လျှောက်လာတဲ့ အတွင်းရေးမှူးပတ်ကို မြင်လိုက်ရတယ်။
ရုတ်တရက် လျှောက်နေရင်း ရပ်လိုက်တဲ့ အတွင်းရေးမှူးပတ်ကြောင့် ယွန်းဂျောင်ဟန်ကြည့်လိုက်တော့ တစ်ခုခုက ကာထားသလို ရှေ့တိုးမလာတော့တဲ့ လူကို တွေ့လိုက်ရတယ်။
"သခင်လေးယွန်း ဥက္ကဌချွဲက ကျွန်တော့်ကို လွှတ်လိုက်တာပါ..."
"ကောင်းသားပဲ....တစ်ခုခုဆို အတွင်းရေးမှူးပတ်က အကြံပေးပါအုံးနော်...."
"စိတ်ချပါ သခင်လေး"
"သွားရအောင်..."
ကုမ္ပဏီထဲ ဝင်လိုက်တာနဲ့ ယွန်းဂျောင်ဟန် သတိထားမိလိုက်တာက အကုန်လုံးက သူ့ကို အာရုံစိုက်နေပြီး သူနဲ့ဝေးဝေး ဘေးကို ကပ်ကုန်တာပဲ။
"အတွင်းရေးမှူးပတ် ကျွန်တော်က ကြောက်စရာကောင်းလို့လား....အကုန်လုံးက ဘာဖြစ်နေကြတာလဲ..."
အတွင်းရေးမှူးပတ်က သက်ပြင်းချလိုက်ရင်း
"သခင်လေးက ဥက္ကဌချွဲရဲ့ အိုမီဂါမို့ သခင်လေးမှာ ဥက္ကဌရဲ့ ဖယ်ရိုမုန်းတွေ ရှိနေတာပါ...ဥက္ကဌချွဲက dominant alpha မို့လို့ သူ့ဖယ်ရိုမုန်းတွေက အားကောင်းလွန်းပါတယ်
သခင်လေးအနားကို ဘယ်အယ်ဖာ အိုမီဂါမှ အနားမကပ်နိုင်ပါဘူး....ကျွန်တော်က ဘီတာဖြစ်နေလို့ ဖယ်ရိုမုန်းအနံ့မရပေမယ့် သခင်လေးအနားမှာ အရှိန်အဝါတစ်ခုကာထားသလို အနားကပ်လို့မရနိုင်ပါဘူး"ယွန်းဂျောင်ဟန် ရင်ထဲ နွေးနွေးလေး ခံစားလိုက်ရသလိုပဲ။ ကိုကိုမလိုက်လာလို့ စိတ်ကပိစိလေး မကောင်းနေတာ။ ကိုကိုက သူ့ဖယ်ရိုမုန်းတွေ ထည့်ပေးလိုက်တာကိုး။ အိမ်ပြန်ရင် ပိုပိုတွေ အများကြီးပေးလိုက်အုံးမယ်။
"သခင်လေး ဝင်တော့မလား"
ယွန်းဂျောင်ဟန် ခေါင်းညိမ့်လိုက်တယ်။ လူအိုကြီးတွေနဲ့ တွေ့ရမှာဆိုတော့ သူ့ကိုကိုလို တည်ငြိမ်တဲ့ အရှိန်အဝါနဲ့ အခန်းထဲ လှမ်းဝင်လိုက်တယ်ဆိုရင်ပဲ အခန်းထဲက မျက်လုံးပေါင်းများစွာနဲ့ ရင်ဆိုင်လိုက်ရတယ်။
YOU ARE READING
ပြန်လည်ရှင်သန်ပြီးနောက် အိုမီဂါလေးပြောင်းလဲသွားပြီ (Completed)
Fanfictionဒီဘဝမှာတော့ ချစ်ခြင်းမေတ္တာမှန်သမျှ ကိုကို့အတွက်ပဲ~~~