ယွန်းဂျောင်ဟန် အိမ်မက်ထဲမှာ သူ့က ရှဉ့်ကလေးတစ်ကောင်ဖြစ်နေပြီး အတော်လေးမြင့်တဲ့ ထင်းရှူးပင်ပေါ်တက်ဖို့ ကြိုးစားနေတာ။ ဒါပေမယ့် ဘယ်လောက်ကြိုးစားတက်ပါစေ ထိပ်ဆုံးကို မရောက်နိုင်ဘူးဖြစ်နေတယ်။ နောက်ဆုံး အသက်ထွက်လုမတတ် ကြိုးစားပြီးမှ ထိပ်ဆုံးကို ရောက်နိုင်ပြီ ထင်လိုက်ပေမယ့် ရုတ်တရက် ဝင်တိုးလာတဲ့ လေဆင်နှာမောင်းကြောင့် သစ်ပင်ပေါ်က ရှဉ့်ကျကျလာတဲ့အချိန်မှာ သူနိုးလာတာ။ ရောက်တော့မယ်ဟာကို....။
"ဘယ်ရီ...နိုးပြီလား"
အသံကြားတဲ့ဆီအခုမှ ကြည့်မိတော့ သူ့ဘေးမှာ ထိုင်ရင်း ပြုံးကြည့်နေတဲ့သူကို တွေ့လိုက်တယ်။
"အဲ့ဒီကနေ ထိုင်ကြည့်မယ့်အစား ကျွန်တော့်ကို ရင်ခွင်ထဲထည့်ထားသင့်တာ မဟုတ်ဘူးလား....ဘာလဲ ကိုကိုက ကျွန်တော့်ကို ပီကေလိုမျိုး ဝါးပြီးထွေးထုတ်ချင်တာလား"
ချွဲဆွန်းချော ခဏလောက်ဘာပြောရမှန်းမသိ ဖြစ်သွားတယ်။ အိပ်နေတာ အနှောင့်အယှက်ဖြစ်မှာစိုးလို့ ငြိမ်ငြိမ်လေးကြည့်နေမိတာပါ။
ခုဏက သူရှာဖတ်ထားတဲ့ အိုမီဂါတွေရဲ့ heat ကာလအကြောင်းကို သတိရသွားတယ်။ အိုမီဂါတွေရဲ့ သဘာဝက ဒီလိုအချိန်ဆိုရင် စိတ်က နူးညံ့ပြီး အထိခိုက်လွယ်တယ်။ သူတို့ရဲ့ အယ်လ်ဖာကို ပိုကပ်တတ်ပြီး အယ်လ်ဖာက ဖယ်ရိုမုန်းတွေနဲ့ စိတ်လုံခြုံမှုပေးရတာဆိုတာကို သတိရသွားတယ်။
ချွဲဆွန်းချော ချက်ချင်းပဲ ကုတင်ပေါ်တက်ပြီး လူကို ဆွဲဖက်လိုက်ရင်း တစ်ခါတည်း ဖယ်ရိုမုန်းတွေနဲ့ပါ လွှမ်းခြုံပေးလိုက်တယ်။
"ဝါးပြီး မထွေးထုတ်ပါဘူး....ဘယ်ရီက ပီကေမှ မဟုတ်တာ...စတော်ဘယ်ရီလေးဆိုတော့ ဝါးပြီးတာနဲ့မျိုချမှာလေ..."
"ဒါဆို ကျွန်တော်က အခု ကိုကို့ဗိုက်ထဲမှာပေါ့"
ချွဲဆွန်းချောက ရယ်လိုက်ရင်း
"အခုတော့ မမျိုချလိုက်ရလို့ နောက်တစ်ခေါက်မှ အကောင်လိုက်မျိုချပစ်မယ်"
ယွန်းဂျောင်ဟန် ကြည်ကြည်နူးနူးပြုံးမိရင်း ရင်ခွင်ထဲ အတင်းတိုးကာ ဖယ်ရိုမုန်းတွေကို အနံ့ခံရင်း တိုးတိုးလေးပြောမိတယ်။
YOU ARE READING
ပြန်လည်ရှင်သန်ပြီးနောက် အိုမီဂါလေးပြောင်းလဲသွားပြီ (Completed)
Fanficဒီဘဝမှာတော့ ချစ်ခြင်းမေတ္တာမှန်သမျှ ကိုကို့အတွက်ပဲ~~~