☯6☯

2.2K 166 30
                                    

Unicode

"jiji...ပျင်းတယ်...ဒီထဲမှာကြီးနေနေရတာမဟုတ်သေးဘူး...ဟို...jungkookတို့ ရဲတိုက်ဘက် သွားကြမလား..."

"အစ်ကိုnamjoonက jungkook က မကောင်းဆိုးဝါး လို့ပြောတယ်လေ..."

"ဟုတ်မဟုတ်...မသေချာဘူးလေ...သေချာအောင်သွားကြည့်မလား..."

"ဟုတ်မှလဲ လုပ်ပါTaeရယ် ပြီးရင်တလွဲဲကြီးပဲ..."

"အဲ့​တော့ မင်းကငါနဲ့မလိုက်ဘူးဆိုတဲ့ သဘောလား..."

"ငါမပြောမိပါဘူး...ခုချက်ချင်းသွားမယ် Tae..."

"ဒီလိုမှပေါ့..."

မနုိင်စိန်နှစ်ယောက် အခန်းထဲမှ ထွက်လာကာ...Black Castle သို့သွားရန်လမ်းစရှာဖို့အတွက် မြေပုံလိုက်ရှာရတော့သည်။

မြေပုံက ဘုရင်မအခန်းထဲမှာမို့ မြေပုံကိုနှစ်ယောက်သား...အရင်သွားခိုးကာ ခပ်သုတ်သုတ်နဲ့ အခန်းထဲက ပြန်ထွက်ကာ ကြောင်လိမ်လှေကားပေါ်နှစ်ယောက်သား ပြေးတက်ကာ Taeနဲ့jimin တူတူနေတဲ့အခန်းကျယ်ကြီးထဲ ဝင်ကာ မြေပုံအားနှစ်ယောက်သား စတင်ကြည့်တော့သည်။

"jiji Black castle နဲ့ White castle က အဝေးကြီးပဲ မြစ်တောင်ဖြတ်ရသေးတယ်...ဟိုလူတွေကတော့ ဘယ်လိုကူးလဲမသိဘူး ငါတို့တော့အနည်းဆုံးနှစ်ရက်လောက်သွားရမဲ့ပုံပဲ..."

"အာ ဘာလို့အဝေးကြီးလဲ..."

"ဟိုငါ အဝတ်ဗီရိုထဲမှာ အိပ်အကြီးကြီးတွေ့တယ်...ငါ့တို့ခေတ်မှာဆို လွယ်အိပ်ပေါ့အဲ့ပုံစံတွေ့တယ်...နှစ်လုံး လိုတဲ့အဝတ်အစားမုန့်တွေ ထည့်သွားမယ်ဆို သွားဖို့အဆင်ပြေတယ်..."

"ဟုတ်မှလဲလုပ်ပါကွာ...ငါတို့ကဒီရောက်တာမှမကြာသေးဘူး...ဟိုဘက်ကလူတွေက ငါတို့ကိုမကြိုဆိုရင် ဘယ်လိုလုပ်မတုန်း..."

"မသိဘူးကွာ...ငါတို့မြို့ကလဲ သူတို့မြို့ကလူကို မကြိုဆိုဘူးလေ...သူတို့လာတာပဲလေ..."

"အဲ့ဒါဆို ဘုရင်မကိုပြောပြီး သွားမှာလား..."

"မဟုတ်ပါဘူး...ခိုးသွားမှာ..."

"ရားးး...ဟိုတစ်ခါကလို ဝံပုလွေတွေ့ရင် ဘယ်လိုလုပ်မလဲ..."

"မင်းကလဲ အဆင်ပြေမှာပါ...ငါမုန့်တွေသွားခိုးမယ်...မင်းကအဝတ်အစားတွေငါ့အတွက်ပါ ထည့်ထားပေး...ညနက်ရင်စထွက်မယ်..."

♡Black & White♡(Completed )Where stories live. Discover now