☯16☯

1.7K 128 13
                                    

Unicode

jungkook သည် သူကိုယ်တိုင်ကိုယ်ကျ Taehyung ကို Victory မြုိ့သို့ပို့ပေးခဲ့လေသည်။

အစထဲက သူကိုယ်တိုင်ပို့ပေးခဲ့ရင် ရပေမဲ့ လူစီမြို့ဘက်ကိုကော အဖေပြန်လာမှာကြောင့်ရော ရှုပ်နေသောကြောင့် လူယုံနဲ့လွှတ်လိုက်သော်လည်း အပျက်ပျက်အယွင်းယွင်းဖြစ်ခဲ့ရသည်။

joeသာလာမပြောခဲ့ရင် အချင်းချင်းအထင်လွဲနေရဉီးမှာ...။

ပြီးခဲ့တာတွေလဲ ပြီးပြီဆို​တော့ ဖြစ်ခဲ့တာတွေကို ဖြစ်ခဲ့တဲ့နေရာမှာပဲ ထားခဲ့ပြီး jungkook ဆက်မတွေးတော့ပဲ မြင်းကိုရပ်ကာ Taehyung ကိုလက်ကမ်းပေးလိုက်ပြီး...။

"ကိုယ့်လက်ကို သေချာကိုင်ပြီး ဆင်းလိုက်..."

Taehyung လဲ jungkook ပြောသလိုပဲ jungkook လက်ကိုကိုင်ကာ ဆင်းလိုက်လေသည်။

"ကျေးဇူးပါ... လိုက်ပို့ပေးလို့..."

"ကျေးဇူးတင်မဲ့အစား အဖြေပေးလို့ ကိုယ်ပြောထားတယ်လေ..."

"အဲ့...အဲ့ဒါက..."

"လုပ်ပါနော်..."

စူးစိုက်ကြည့်နေသောအသွင်ကနေ မျက်ဝန်းဝိုင်းဝိုင်း တော်တောက်လေးအသွင်ပြောင်းသွားသော jungkook ကြောင့် Taehyung လဲမနေနိုင်တော့ပဲ...။

" ချစ်တယ်...jeon jungkook ကို..."

Taehyung စီက jungkook မျှော်လင့်ထားသော အဖြေရသောကြောင့် jungkook သည် ပြုံးကာ  Taehyung ခါးအား ဖက်ကာ Taehyung ပခုံးတွေပေါ် မေးတင်ထားပြီး...။

"ကိုယ်လဲ Taehyung ကိုအမ​ျားကြီး ချစ်တယ်..."

jungkook သည် ဖက်ထားရာမှ တစ်ဖြေးဖြေးခွာသွားပြီး အကြည့်က Taehyung ရဲ့ ပန်းနုရောင်နှုတ်ခမ်းလေးပေါ် အကြည့်ရောက်ကာ Taehyung နှုတ်ခမ်းအား နမ်းရှိုက်လိုက်လေသည်။

အချိန်အတော်ကြာ နမ်းရှိုက်နေရင်းမှ...။

"အဟမ်း...မင်းတို့မပြီးသေးဘူး...ငါတို့အထဲဝင်ထို့ မင်းတို့ကအပေါက်မှာပိတ်နေလို့..."

ထိုအသံက hobiစီမှ ထွက်လာသောအသံဖြစ်ပြီး hobiအသံကြောင့် Taehyung သည် jungkook ရင်ဘတ်ကိုတွန်းကာ ကိုယ်ချင်းခွာလိုက်ပြီး...Taehyung ကရှက်ကာ ပါးပြင်နှစ်ဖက်နီရဲနေလေသည်။

♡Black & White♡(Completed )Where stories live. Discover now