☯12☯

1.8K 138 35
                                    

Unicode

စျေးတန်းထဲမှာ လှည့်ပတ်မုန့်စားပြီးနောက် jungkook သည် သူ့ဉီးလေး Hoseok အိမ်သွားရန်အားလုံးအား သူ့အနောက်ကလိုက်လာစေသည်။

စျေးတန်းရဲ့ အဆုံးနားတွင်ရှိနေသော သစ်သားအိမ်လုံးချင်းလေးက အပြင်ကကြည့်ရုံနဲ့ပင် လှပပြီးနေချင်စဖွယ်ကောင်းလှလေသည်။

Taehyung သည် အခြားသူများငြိမ်နေချိန်တွင် အိမ်တံခါးအားခေါက်လိုက်လေသည်။

အိမ်ထဲမှာ Hoseok လဲ အနားယူနေရင်း တံခါးခေါက်သံကြောင့် အိမ်ရှေ့ထွက်ကြည့်လိုက်တော့ jungkook အပါအဝင် ေနာက်ထပ်၅ယောက်အားတွေ့လိုက်ရလေသည်။

Hoseok လဲ တံခါးဖွင့်လိုက်တော့ အပေါက်ဝတည့်တည့်မှာ ရပ်နေသော ပိန်ပိန်ရှည်ရှည်နဲ့ကောင်လေးအား တွေ့တော့ဝမ်းသာအားရနှင့်ပင်...။

"Taehyung... "

"Hoseok hyung... "

နှစ်ယောက်သား အချင်းချင်း တွေ့ဖူးကြတဲ့လူတွေလိုပင် အချင်းချင်းပွေ့ဖက်လိုက်ကြပြီး Taehyung သည် Hoseokနားနားကပ်ပြီး တစ်ခုခုကို ပြောလိုက်ပြီး Hoseok ကလဲ Taehyung ကိုဖက်ထားရင်းပင် Taehyung နားပြန်ကပ်ပြီး တစ်ခုခုကိုပြောလိုက်လေသည်။

အရှေ့က မြင်ကွင်းကြောင့် jungkook မျက်ခုံးကြီး ကျုတ်သတစ်ထက် ကျုတ်လာလေသည်။

Taehyung နဲ့ Hoseok လဲပြောတာဝသွားတော့မှ ေပွ့ဖက်ထားရာမှ လွှတ်ကာ...တစ်ယောက်လက်တစ်ယောက် ကိုင်ထားဆဲဖစ်သည်။

jungkook သည်အရှေ့က မြင်ကွင်းကိုမပြည့်နိုင်စွာဖြင့်...။

"Taehyung အဲ့ဒါငါ့ဉီးလေးမင်းထက်အများကြီးကြီးတယ်...ဉီးလေးလိုခေါ်ရမှာ hyung မဟုတ်ဘူး..."

"hyung လိုခေါ်မယ်ရတယ်မလား... Hoseok hyung... "

"ရတယ် Taeလေးသဘောပဲ..."

"နေပါဉီး သိနေတာလား Taehyung နဲ့က..."

"အင်းအရင်ထဲက သိတယ်ဆိုပါတော့..."

"အဲ့ဒါဆို hyung အထဲပေးဝင်လေ..."

"ဉီးလေးမခေါ်တော့ပါလား jungkook... "

"ကျွန်တော့် ဘာသာဘယ်လိုခေါ်ခေါ်ပေါ့...ဖယ်နှစ်ယောက်လုံးအထဲဝင်မယ်..."

♡Black & White♡(Completed )Where stories live. Discover now