Unicode
နှစ်ယောက်သား အမဲရောင် ဝံပုလွေကြောင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ မျက်လုံးပြူး မျက်စံပြူးဖြင့် လန့်နေတုန်း...ထိုဝံပုလွေက သူတို့အား ဘာမှမလုပ်ပဲ အနောက်ကလိုက်လာရန်ပြောလေသည်။
ဝံပုလွေက ပါးစပ်လှုပ်ကာ မပြောပေမဲ့ "အနောက်ကလိုက်ခဲ့..." ဆိုတဲ့အသံကို နှစ်ယောက်လုံးကြားလိုက်လေသည်။
Taehyung နဲ့ Jimin တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ကြောက်ကြောက်နဲ့ပင် ထိုဝံပုလွေအမဲအနောက် လိုက်ခဲ့လေသည်။
ဝံပုလွေသည် တောလမ်းတစ်လျှောက် ဖြတ်နေပြီး အဆုံးတွင် တံတားတစ်ခုတွေ့လေသည်။
ထိုတံတားရှေ့နေရာအား ကြည့်လိုက်တော့ နှစ်ယောက်လုံး အံသြမှင်သက်မိသွားလေသည်။
ထိုတံတားကို ကျော်ဖြတ်ပြီးလျှင် တံတားအရှေ့ဘက်တံတားအရှေ့ဘက်တွင် Louis မြုိ့ဆိုသောစာတန်းကြီးသည် ရေညှိအထက်ထက် တက်နေကာ...အဝေးက ကြည့်လျှင်ပင် မှောင်မဲကာ ပျက်စီးယိုယွင်းနေပြီး နှင်းအမဲများကျနေသောကြောင့် ထို Louis မြုိ့မဝင်ခင် ဖြတ်ကျော်ရသော တံတားအမဲအားကြည့်ကာ နှစ်ယောက်သားဒူးတုန်နေပြီ ဖြစ်သည်။
"jiji...hyungပြောတုန်းက နားထောင်လိုက်ရမှာ...တကယ်မကောင်းဆိုးဝါးတွေနေတဲ့ မြုိ့လားမသိဘူးနော်..."
"အဲ့ဒါမင်းပဲ...သွားချင်တုန်းက ကျတအားစိတ်အားထက်သန်ပြီး...မြေပုံတောင်ခိုးတယ်လေ...ခုပြန်လှည့်ရင်လဲ ဝံပုလွေစာမိမလားမသိဘူး...ဘယ်လိုလုပ်မလဲ..."
နှစ်ယောက်သား တိုးတိုး..တိုးတိုးနဲ့ ကြိတ်ပြောပြီးနောက်...။
"jiji ငါသိပြီ..."
Taehyung သည် jijiအား မျက်စပစ်ကာ...။
"ဟို...Jeon jungkook ကိုသွားပြောပေးလို့ရမလား..."
Taehyung သည် ဝံပုလွေအားပြောလိုက်တော့ ဝံပုလွေသည် Taehyung တို့အားခေါင်းညိမ့်ပြကာ ဝံပုလွေသည် Louis မြုိ့က ရဲတိုက်ထဲဝင်သွားလေသည်။
ကျန်ခဲ့သော Jimin နဲ့ Taehyung ကတော့ နှင်းအမဲများကို လက်နဲ့ခံကာ...အထူးအဆန်းတဖွယ်ကြည့်နေလေသည်။
YOU ARE READING
♡Black & White♡(Completed )
FanfictionTaehyung×jungkook start date-28. 11.2023 end date-1.1.2024