☯1☯

3.6K 224 23
                                    

Unicode

"Taehyung ...ငါလာပြီနော် သေချာပုန်းနေ..."

အိမ်မှာ အမေနဲ့အဖေမရှိတာနဲ့ Taehyung သည် Jimin ကိုခေါ်ကာ တူတူပုန်းတိုင်းဆော့နေခြင်းဖြစ်သည်။

Taehyung နဲ့ Jimin ကအသက်22နှစ်ရှိပြီးဖြစ်သော်လည်း ကလေးစိတ်မပျောက်သေးကာ ဆော့တုန်းဖြစ်သည်။

အမေက တူတူပုန်းတိုင်းကို ညနေဘက် နေဝင်ပြီးချိန်ကစားရင် နတ်ဖွက်တက်တယ်လို့ ခနခနပြောပေမဲ့...အမေ့စကားဆို ဒီဘက်နားကဝင် ဟိုဘက်နားကထွက်သော Taehyung သည် အမေ့စကားနားမထောင်စွာဖြင့် ဆော့ကျလေသည်။

jimin သည် Taehyung လိုက်ရှာနေရင်း အိုနေပြီးဖြင့်သော ဗီရိုထဲတွင် အသက်ရှုသံကြားတာကြောင့် Taehyung ထိုထဲတွင်ရှိမှန်းသိကာ...ဗီရိုအကြီးကြီးထဲ သူပါဝင်ကာ တံခါးပိတ်လိုက်သည်။

" ဟား...ဟားနောက်ဆုံးတော့ တွေ့ပြီကွ..."

"ရား...အဲ့ဒါများဝင်လာနေသေးတယ် ပြန်ထွက်မယ် မှောင်နေပြီ..."

"Tae...မင်းအနောက်မှာ နှင်းတွေမလား..."

"ဟမ်..."

Taehyung လဲသူ့အနောက်ကနေရာအားကြည့်လိုက်တော့ နှင်းတွေဖြစ်နေတာကြောင့် နှစ်ယောက်လုံးတွေဝေသွားသည်။

အပေါ်ထပ်က ဗီရိုအိုကြီးထဲ ဘယ်ကနှင်းကရောက်နေတာလဲဟုပင်...။

နှစ်ယောက်လုံး စိတ်ထဲတစ်မျိုးဖြစ်လာသောကြောင့် ထိုနှင်းကျနေတဲ့အပေါက်အားချောင်းလိုက်​တော့ အပြင်တွင်တကယ်ပဲ နှင်းကျနေသောကြောင့် စက်စုစိန် Jimin နဲ့Taehyungမှာ ဗီရိုအနောက်ဘက်အားတွန်းလိုက်တော့ နှင်းတွေတဖွဲဖွဲကျနေပြီး လျှောက်လမ်းတစ်လျှောက်နှင်းတွေနဲ့ နေရာအားတွေ့ရသောကြောင့် နှစ်ယောက်လုံးဗီရိုထဲက ထွက်ပြီးနည်းနည်းစူးစမ်းပြီး ဗီရိုထဲ ပြန်ဝင်မယ်လုပ်တော့ သူတို့ထွက်လာတုန်းက ဗီရိုကြီးကမရှိတော့ပေ...။

"အားး...Jimin ဗီရိုမရှိတော့ဘူး..."

ထိုအချိန်မှ အရှေ့ကို စူးစမ်းနေတဲ့ Jimin မျက်နှာဒီဘက်လှည့်လာကာ ဖြူစုတ်သွားတော့သည်။

"ငါ့....ငါ့ဆံပင်ကိုကြည့်အုံး...Tae..."

Taehyung သည် Jimin ဆံပင်ကိုကြည့်ကာ ခွက်ထိုးခွက်လန်ရီတော့သည်။

♡Black & White♡(Completed )Where stories live. Discover now