✨“မ"ကဓူဝံကြယ်✨
လောင်းရိပ်တို့စာသင်ချိန်ပြီးတာနှင့်ကန်တင်းဘက်သို့ထွက်လာကာတစ်ခုခုစားဖို့မှာနေသည်။ဖူးခတ်ကဒီနေ့လောင်းရိပ်ကိုမုန့်ဖိုးအများကြီးပေးလိုက်သည်လေ။ကျောင်းကိုTaxiနဲ့သွားတဲ့အတွက်ကျောင်းသွားတစ်ချို့လာင်းရိပ်ကိုနှိမ်ချင်ကြမှန်း ဖူးခတ်သိသည်လေ။ထို့ကြာင့်ဒီနေ့လောင်းရိပ်ကိုဖူးခတ်ကိုယ်တိုင်ကျောင်းလိုက်ပို့ကာမုန့်ဖိုးလုံလုံလောက်လောက်ပေးလိုက်သည်။
“လောင်းရိပ် ဘာမှာမှာလဲ"
“ဖျော်ရည်ပဲသောက်တော့မယ် နင်ရော"
“ဟားးး ဟားးး ဒီမှာပဲမှန်ကြာင်လေးက"
လောင်းရိပ်ကျောင်းကိုရောက်တဲ့ပထမဆုံးနေ့မှာတင် ခွန်းချိုခဆိုတဲ့မိန်းခလေးနဲ့သူငယ်ချင်းဖြစ်သွားသည်။ထော့နဲ့ထော့နဲ့နဲ့လောင်းရိပ်ကိုသူကစိတ်ပူစွာကူညီပေးသည်လေ။ခွန်းချိုခကစာဂျပိုးတစ်ယောက်လေဒါကြာင့်မျက်မှန်အဝိုင်းလေးကိုငယ်စဉ်ကတည်းကတပ်ထားရသည်တဲ့ ခွန်းချိုပြောပြလို့လောင်းရိပ်သိရသည်။သို့ပေမဲ့ခွန်းချိုခကိုအမြဲအနိုင်ကျင့်နေတဲ့လူတစ်ယောက်ရှိသည်။ထိုလူဟာ လောင်းရိပ်ကိုကားနဲ့တိုက်မလိုဖြစ်တဲ့ ဘုန်းမြင့်ကိုကို ဘုန်းမြင့်ကိုကိုကခွန်းချိုခကိုအမြဲမှန်ကြောင်လေးဟုဆိုကာအနိုင်ကျင့်တက်သည်။လူတွေကြားမှာဆိုနှိမ်တက်သည်။တစ်ကယ်တော့ခွန်းချိုခ အဖေဟာ ဘုန်းမြင့်ကိုကိုအဖေရဲ့ ကုမ္မဏီမှာခြုံလုံရေးလုပ်ရသည်လေ။ဒါကိုအခွင့်အရေးယူကာနှောက်ယှက်နေတဲ့ဘုန်းမြင့်ကိုကို ကိုလောင်းရိပ်ကြည့်မရတာအမှန်ပင်။
ဘုန်းမြင့်ကိုကိုက ခွန်းချိုခရဲ့ခေါင်းကိုကိုင်ကာရစ်သီရစ်သီလုပ်ကာအမျိုးမျိုးစနေသည်။ပုံမှန်ဆိုစကားနဲ့တင်စတဲ့လူကသူ့ကိုကိုယ်ထိလိုက်ရောက်လာစတော့မိန်းမသားဖြစ်တဲ့ခွန်းချိုခ ကြောက်မိတာမစမ်းပါ။ကြောက်သော်လည်းပြန်လဲပင်မပြောရဲက ပြောလိုက်မှပိုဆိုးလာရင်ဒုက္ခ။မျက်ရည်မကျမိအောင်ထိန်းကာ ခေါင်းလေးငုံနေတဲ့ ခွန်းကိုကြည့်ရတာလောင်းရိပ်စိတ်မကောင်း။
YOU ARE READING
"မ ကဓူဝံကြယ်"
Fantasi"ချစ်လွန်းလို့အပိုင်ကြံမိတာပါ မ ရယ်" "ဟ ချစ်တာနဲ့ ချစ်သူဖြစ်ချင်မတူဘူး လောင်းရိပ်နွယ် မင်းကအပိုင်လိုချင်တာ ချစ်တာမဟုတ်ဘူး"