အပိုင်း(၈)

702 28 5
                                    

"မ"ကဓူဝံကြယ်

အန်တီမေနဲ့လောင်းရိပ်ကိုခြံဝမှာလှမ်းမြင်နေရပါပြီ။ဖူးခတ်ခြံထဲကဒန်းလေးပေါ်မှာထိုင်ကာစာရင်းလုပ်နေသည်။လက်ထဲကပါလာတဲ့အထုတ်တွေကြည့်တာနဲ့ဒီကလေးဘယ်လောက်တောင်သောင်းကြမ်းခဲ့လဲသူမရိပ်မိပါပြီ။လောင်းရိပ်နွယ်ဆိုတဲ့မိန်းခလေးက တီတီတာတာ ပစ္စည်းလေးတွေဆိုအရမ်းကြိုက်သည်။လှုပ်စိလှုပ်စိနဲ့ဝင်လာတဲ့လောင်းရိပ်ကို ဖူးခတ်ပြုး၍သာကြည့်နေမိသည်။*သိပ်လှတဲ့ကလေးလေး*စိတ်ထဲကသူ့အလိုလိုတွေးမိသွားပေမဲ့ ဖူးခတ်မြတ်နိုးပုံရိပ်ကိုမြင်ယောင်မိသည်။ချစ်တယ်ပဲပြောပြောသံယောဇာဉ်လို့ပဲပြောပြော ၈နှစ်တာအချိန်ဟာမြတ်နိုးနဲ့ဖူးခတ် သဲယောဇာဉ်တ်ဖို့လုံလောက်ပါသည်။

"ပြန်လာပြီလား အန်တီမေ"

"အေးကွယ့် သမီးဖူးခတ် သမီးကြိုက်တဲ့ပုစွန်လုံးလေးဝယ်လာတယ် အန်တီချက်ကျွေးမယ်"

လောင်းရိပ်ဖူးခတ်အနားကိုပြေးလာသည်။

"မမ လောင်းရိပ်ဈေးထဲမှာ ဆံညှပ်လေးတွေဆံကုပ်လေးတွေတွေ့ခဲ့တယ် အရမ်းလှတာပဲ"

ဖူးခတ်စိတ်ထဲပြုံးမိသည်။သူထင်သည့်အတိုင်းပင်လေ ဘာတွေပူဆာမလဲဆက်နားထောင်ရအုံးမည်။

"အင်း ‌အဲ့တော့"

"မမ က လောင်းရိပ်ကိုဝယ်ပေးရင်ကောင်းမှာလို့ တွေးနေတာ"

သူဝယ်လာတာကိုမသိဘူးများထင်လို့ထပ်ပူဆာနေသလားမသိ။

"အန်တီမေကလေ လောင်းရိပ်ကိုအကုန်လဲဝယ်မပေးဘူးသိလား"

နှုတ်ခမ်းဆူကာတိုင်နေပြန်ပြီလေ*တစ်ဆိုင်လုံးကိုများလိုချင်နေသလားကလေးရယ်*

"အခုလဲ ဝယ်လာတယ်မလားလောင်းရိပ် ထပ်ဝယ်ပြီး ဘယ်အမွှေးမှာများညှပ်ချင်သေးလို့တုန်း"

ဖူးခတ်ကလောင်းရိပ်ကိုချိုချိုသာသာသိပ်မပြောပါ အမြဲကန့်လန့်သာပြောသည်။

*မမကလေ ချွဲလို့မရတဲ့လူမျိုး*

လောင်းရိပ်စိတ်ထဲကနေသာပြောလိုက်ပြီးအိမ်ထဲဝင်ခဲ့သည်။ဈေးကဝယ်လာတဲ့အထုတ်လေးကိုအိပ်ပေါ်သူမအခန်းလေးထဲသယ်ကာပန်လိုက် ညှပ်လိုက်ဖြုတ်လိုက်နဲ့အလုပ်ပင်တော်တော်ရှုပ်နေသည်။

"မ ကဓူဝံကြယ်"Where stories live. Discover now