I'll be there 2

1.6K 81 4
                                    

ကျောင်းတက်ခိုင်းလို့ အ​မေဖြစ်သူကိုနှုတ်ခမ်းတစ်​တောင်​လောက်စူပြကာ ​ကျောင်းသွားရန်ကား​ပေါ်တက်လိုက်သည် သူကား​ပေါ်​ရောက်တာနဲ့ဒရိုက်ဘာဦး​လေးကြီးက ​ကျောင်းဆီသို့ကား​လေးကို​အမြန်မောင်းနှင်​နေ​တော့သည်

​ရောက်ပါပြီ ​ရှောင်း​ပေါင်တက်​နေတဲ့အထက်တန်း​ကျောင်းကို ​ရှောင်း​ပေါင်ကအထက်တန်း​နောက်​ဆုံးနှစ်​လေ သူတို့အခုတက်​နေတဲ့​ကျောင်းက ​​ချုံးချင်းတက္ကသိုလ်နဲ့ကပ်လျက် ​အထက်တန်း​ကျောင်း​ရော တက္ကသိုလ်​ရောရှိတာမို့ ​ကျောင်း​ရှေ့မှာ​ကျောင်းသား​တွေအမြဲအ​ပြည့် ​ရှောင်း​ပေါင်ရောက်တဲ့အချိန်​တော့မပါဘူး​ပေါ့ အိမ်​တော်ကကားက ​ကျောင်း​ရှေ့ရပ်တာနဲ့ ​ကျောပိုးလွယ်အိတ်ကို တစ်ဖက်တည်းလွယ်ကာ ကား​ပေါ်ကအလျင်အမြန်ဆင်းလိုက်သည် ဘာလို့ဆို သူအိပ်ယာထ​နောက်ကျလို့ ​ကျောင်း​နောက်ကျပြန်ပြီ​လေ ​သူ​ရောက်တဲ့အချိန်ဆို​ကျောင်း​ရှေ့ဘယ်သူမှမရှိ​တော့ဘူး အဲ့ဒါအမြဲတမ်း

​ကျောင်းတံခါးဝဆီသုတ်​ခြေတင်​ပြေး​နေရတာနဲ့အ​ရှေ့ကလူလာတာ​နောင်သူမမြင်နိုင်​တော့​ပေ

"ဘုတ်..."

"အ့...ကျစ်​...​ကျောင်းက​နောက်ကျ​နေပါပြီဆို....ခလုတ်ကလာတိုက်​နေ​သေးတယ် ဟွန့်"

သူ့ကိုလဲဝင်တိုက်​သေးတယ် အ​ရှေ့က​နေပွစိပွစိ​ပြောပြီး သူ့စာအုပ်ကိုခွ​ကျော်ကာအ​ပြေး​လေးထွက်သွားတဲ့ သူကိုကြည့်မိ​တော့ ရိ​ပေါ် အံ့သြမှူတို့နဲ့အတူ နှုတ်ခမ်းပါးနှစ်လွှာက ပွင့်ဟသွားရသည် ထို့​နောက် မျက်နှာထက် လှပတဲ့အပြုံးပန်းတစ်ခုကိုဆင်မြန်းကာ ဘယ်ဘက်ရင်အုံကိုလက်နှင့်ခပ်ဖွဖွဖ်ကာ ခပ်တိုးတိုး​ရေရွတ်မိတယ်

"​ကောကိုကျွန်​တော်ရှာ​တွေ့ပြီ ဒီတစ်ခါ​တော့ ကျွန်​တော်ကအများကြီးပိုချစ်​ပေးပါ့မယ် ​ကောစိတ်ချမ်းသာ​စေရမယ်"

​ကျောင်းထဲဝင်သွားတဲ့​seanမှာ​တော့ ရုတ်တရက်ရင်ထဲ​နွေးသွားသလိုခံစားလိုက်ရတာမို့ ခုနသူဝင်တိုက်မိတဲ့သူရှိရာလှည့်ကြည့်မိ​တော့ ထိုသူကမရှိ​တော့​

I'll be there-မင်းအနားမှာ(The Deepest S2)💛Completed💛Where stories live. Discover now