i'll be there 14

770 57 5
                                    

"ပါပါး....ရိ​ပေါ်...ရိ​ပေါ်​ရော"

"​ရှောင်း​ပေါင့်!!!နင်ဘာ​တွေ​ပြော​နေတာလဲ အဲ့ဒါနင့်အဖိုး ဘာလို့ပါးလို့​ခေါ်​နေတာလဲ ပြီး​တော့ငါကနင့်အ​မေ ငါ့ကိုရွှယ်လို့မ​ခေါ်နဲ့"

"သမီး!!"

"ပါပါးမ​ပြောနဲ့ ​ရှောင်း​ပေါင် နင်ကငါ့သား​ရှောင်း​ပေါင် ​ရှောင်းကျန့်မဟုတ်ဘူး နင့်အ​ဖေကချန်းယွီ  ​ရှောင်းမင်ဟန်မဟုတ်ဘူး ဝမ်ရိ​ပေါ်ဆိုတာလဲမရှိဘူး အဲ့ဒါနင်မြဲမြဲမှတ်ထား"

သူ့ပုခုံး​တွေကိုဆွဲလှုပ်ကာ​ပြော​နေတဲ့ ရွှယ်လုကိုကြည့်ပြီး သူ့ပါးပြင်ထက်မျက်ရည်​တွေကျဆင်းလာခဲ့သည်

"ရွှယ်"

"မ​ခေါ်နဲ့"

"ရွှယ်....​မငိုပါနဲ့...​တောင်းပန်ပါတယ်"

ရွှယ်လုတစ်​ယောက် ​အော်ဟစ်ပြီး ငို​နေတာကိုကြည့်ကာ ​ရှောင်းကျန့်တစ်ဖြစ်လဲ seanတစ်​ယောက် ရွှယ်လုမျက်နှာ​ပေါ်ကမျက်ရည်​လေး​​တေ့သုတ်​ပေး​နေမိသည်

"နင့်စိတ်ထဲ အဲ့ဒီဝမ်ရိ​ပေါ်ပဲရှိ​နေလား ဟမ်!!!"

"......."

"အဲ့ဒီ​ကောင်ကနင့်အ​ပေါ်ဘယ်​လောက်​​ကောင်းဖူးလို့ ခုထိမ​မေ့နိုင်ရတာလဲလို့!!!"

"ရင်ထဲနင့်​နေ​အောင်ချစ်ခဲ့ရတာ​လေရွှယ်ရာ ဘယ်လို​မေ့လို့ရပါ့မလဲ အခုအကြာကြီး​မေ့​နေတာ​တောင်လွန်လှပြီ"

"မရဘူး!!!ငါလက်မခံဘူး"

"ရွှယ်....မငိုပါနဲ့ အလှ​တွေပျက်ကုန်လိမ့်မယ်"

"​ကော​ကော!!! နင် နင်ဟာ....နင်လဲငိုမ​နေနဲ့ ငိုတာမမြင်ချင်လို့ အတိတ်ကိုသတိရအယ့်အ​ကြောင်း​တွေ​တောင်ငါ​ပြောခဲ့တာမဟုတ်ဘူး"

သူငိုတိုင်းအလှ​​တွေပျက်ကုန်လိမ့်မယ်လို့​ပြောတတ်တဲ့​ကော​ကော​ကြောင့် ရွှယ်လု ရှိုက်ကြီးတစ်ငင်ငိုပြီး​​ပြော​နေမိသည် အကိုဖြစ်သူရဲ့ဒီစကား​လေး​တွေကအစ သူသတိရ​နေခဲ့တာ သူဘယ်​လောက်​ကော​ကောကိုချစ်လဲသူသာအသိဆုံး နာကျင်စရာအတိတ်​တွေပြန်သတိမရချင်လို့သာ ​​မေ့ထားခဲ့ရတာ အခု​တော့ ကာယကံရှင်ကပြန်မှတ်မိသွားပြီ​လေ

I'll be there-မင်းအနားမှာ(The Deepest S2)💛Completed💛Where stories live. Discover now