i'll be there 43(Final)

886 54 14
                                    

မြေပြင်ဆီချိန်ပြီးပစ်လွှတ်လိုက်တဲ့​ကျည်ဆံက ​မြေပြင်​ပေါ်လဲနေတဲ့ရိ​ပေါ်ဆီကိုတိုက်ရိုက်​ရောက်မှာမို့ ရိ​ပေါ်ခန္ဓာကိုယ်ကိုကွယ်ပါ​စေ​တော့ဆိုပြီး အ​​ရှေ့က​နေသူဒူး​ထောက်ထိုင်ချလိုက်သည်

သူဒူး​ထောက်ထိုင်ချလိုက်တဲ့အချိန် ​ကျောကုန်းကိုဖောက်ဝင်ရောက်လာတဲ့ခပ်ဆူးဆူးအရာ​ကြောင့် သူစိတ်လိုလက်ရပြုံးလိုက်မိသည်

သူ ရိ​ပေါ်ကိုကာကွယ်​ပေးချင်တာထက် ရိ​ပေါ်သာတစ်ခုခုဖြစ်သွားခဲ့ရင် Seanငို​​နေတာကိုသူမမြင်ချင်တာ Seanမျက်ရည်​တွေကိုမမြင်ချင်တာ​လေ

"ဘုတ်..."

​မြေပြင်​ပေါ်ခပ်ပြင်းပြင်းပြုတ်ကျတဲ့ ခန္ဓာကိုယ်တစ်ခု​ကြောင့် လူတစ်ချို့အ​ပြေးအလွှားဖြစ်သွားကြသည်

​ဆေးရုံကား​ခေါ်တဲ့သူက​ခေါ်​နေသည်

Sean​ခြေလှမ်းတို့လဲတုန့်ခနဲရပ်သွားသည် ပြီးမှမသိကျိုးကျွံပြုကာ သူဦးတည်ရာဆီကို​ရှေ့ဆက်​​လျှောက်သွားလိုက်သည်

လဲကျသွားတဲ့ခန္ဓာကိုယ်​လေးက​တော့ မျက်ရည်​တွေကြားကပြုံး​နေ​လေရဲ့ နှုတ်ခမ်းထက်က​သွေး​တွေကိုလျစ်လျူရှုပြီး​တော့​လေ

တော်ပါ​သေးတယ် သူအချိန်မှီတားလိုက်နိုင်လို့

*ကိုယ်တာဝန်​ကျေတယ်မဟုတ်လား Seanဖြစ်​စေချင်တာကို ကိုယ်ဖြည့်ဆည်း​ပေးနိုင်သွားပြီ​လေ Sean​ပျော်​နေမယ်မလား ​ပျော်​ပျော်​နေ​တော့​နော်က​လေး ငို​နေစရာမလို​တော့ဘူး ဘဝကို​ပျော်ရွှင်စွာဖြတ်သန်းပါ ​ကိုယ်​သေ​ပေးမယ်ဆိုSeanအပြုံးကိုမြင်ရ​လောက်ပြီမဟုတ်လား အမြဲပြုံး​နေ​ပေး​ပါဗျာ မင်း​လေးပြုံးမယ်ဆို ကိုယ်​သေရကျိုးနပ်ပါတယ်*

ဘယ်ဘက်ရင်အုံထိ​ဖောက်ထွက်သွားတဲ့ကျည်​ကြောင့်နှုတ်ခမ်းထက်မှာ​ခပ်ပျစ်ပျစ်သွေး​တွေက​​ထပ်ပြီးနေရာယူ​လာပြန်သည် သူ့အတွက်​တော့နှလုံသားပြင်ပကဒဏ်ရာက ရင်ထဲကဒဏ်ရာ​လောက်​တော့မနာပါဘူး​လေ တစ်ရက်ထဲနဲ့ကြုံလိုက်ရတဲ့ဒဏ်ရာ​တွေကနည်းနည်း​နော​နောမှမဟုတ်တာ

I'll be there-မင်းအနားမှာ(The Deepest S2)💛Completed💛Where stories live. Discover now